DVB Logo
Home
နိုင်ငံတကာ
ဘန်ကောက်တွင် ဦးလေးက တူမဖြစ်သူကို ရိုက်သတ်ပြီး ကွန်ကရစ်ပုံးထဲမြှုပ်ထား
DVB
·
July 5, 2023
ဘန်ကောက်တွင် ဦးလေးက တူမဖြစ်သူကို ရိုက်သတ်ပြီး ကွန်ကရစ်ပုံးထဲမြှုပ်ထား
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ အသက် ၂၉ နှစ်အရွယ် အမျိုးသားတယောက်က  သူ့တူမ ၁၂ နှစ်အရွယ်မိန်းကလေးငယ်ကို ရိုက်နှက်သတ်​ဖြတ်ခဲ့ပြီး အိမ်မီးဖိုချောင်ရဲ့ ကွန်ကရစ်ထည့်ထားတဲ့ ပုံးထဲမှာ မြှုပ်ထားခဲ့လို့ ထိုင်းရဲတပ်ဖွဲ့က တရားခံကို ဖမ်းဆီးဖို့ရှာဖွေနေတယ်လို့ ဘန်ကောက်ပို့စ် သတင်းမှာ ဖော်ပြပါတယ်။

ဘန်ကောက်၊ ဖာဟွန်ရိုသင်း ၄၈ လမ်းပေါ် ဆင်ဆပ်နက်ခ်ဟွန်အိမ်ရာရှိ နှစ်ထပ်အခန်းအောက်ထပ် မီးဖိုချောင်က ပလတ်စတစ်သေတ္တာကြီးကို ဇူလိုင် ၄ ရက် မနက် ၁၂ နာရီ ၃၀ လောက်မှာ ရဲတပ်ဖွဲ့က တွေ့ရှိခဲ့ပါတယ်။

အဲဒီသေတ္တာရဲ့ အပေါ်ဘက်မှာ မြေဆီလွှာတထပ်ပြီးရင် ကွန်ကရစ်နဲ့ မိန်းကလေးအလောင်းကို တွေ့​ပြီး သေတ္တာဟာ မီးဖိုချောင်မှာရှိတာကို ထိုင်းရဲတပ်ဖွဲ့တွေက တွေ့ရှိခဲ့တာပါ။

သေဆုံးသူမိန်းကလေးကို အနက်ရောင်အမှိုက်အိတ်၊ မျက်နှာသုတ်ပဝါတွေနဲ့ ​တကိုယ်လုံး ချည်နှောင်ထားပြီး မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ပြင်းထန်တဲ့ ထိခိုက်ဒဏ်ရာတွေ ရှိနေပါတယ်။ ဆရာဝန်တွေရဲ့ ခန့်မှန်းချက်အရ သေဆုံးသွားတာ ၄၈ နာရီရှိပြီလို့ အာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။

အသက် ၂၄ နှစ်အရွယ် အမျိုးသမီး ​အေပင်ရာက ရဲတွေကို ဖုန်းခေါ်ပြီး အ​ကြောင်းကြားခဲ့တာ ဖြစ်ပါတယ်။

သူမက “ကလေးမလေးဟာ အသက် ၅ နှစ်အရွယ်တည်းက မိဘတွေနဲ့ ခွဲနေရပြီး ဆွေမျိုးဝေးထဲကတယောက်ဖြစ်တယ်။ ကောင်မလေးက ၃၁ နှစ်အရွယ် အဒေါ်ဖြစ်သူ နီရာမော်၊ အေပင်ရာရဲ့ဝမ်းကွဲ၊ ယုသနမာဒီနဲ့ အသက် ၂၉ နှစ်အရွယ် နီရာမော်ရဲ့အမျိုးသား တို့နဲ့ အတူနေထိုင်တယ်” လို့ ပြောပါတယ်။

အေပင်ရာရဲ့ ပြောကြားချက်အရ ကောင်မလေးက အိမ်မှာ ရန်လိုပြီး ပစ္စည်းခိုးတတ်လို့ နီရာမိုနဲ့ သူ့အမျိုးသားက မကြာခဏ ကြိမ်းမောင်းပြီး ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။

အရင်က ပြစ်ဒဏ်တွေက ကောင်မလေးကို ပိုမိုကြမ်းတမ်းလာစေပြီး သူ့ကို ဘယ်လိုဆက်ဆံရမလဲ မသိဘူးလို့ အဒေါ်နဲ့ဦးလေးက မစ္စအေပင်ရာကို ပြောခဲ့တယ်လို့ ရဲတွေကို ပြောပါတယ်။

ဇူလိုင် ၃ ရက် ည ၇ နာရီလောက်မှာ လင်မယားနှစ်ယောက်က အေပင်ရာဆီကို လာလည်ခဲ့ပါတယ်။ ဦးလေးဖြစ်သူက ကောင်မလေးကို ဇူလိုင် ၂ ရက် မနက် ၁ နာရီလောက်မှာ ဘေ့စ်ဘောရိုက်တံနဲ့ သေအောင်ရိုက်ခဲ့တယ်လို့ ပြောခဲ့ပါတယ်။

သူက ကောင်မလေးကို သတ်ပစ်ဖို့ မရည်ရွယ်ပါဘူး၊ ခိုးတာနဲ့ ဖောက်သည်တွေကိုပို့ဖို့ ထားထားတဲ့ အစားအစာတွေကို စားလို့ အပြစ်ပေးရုံလေး လုပ်ခဲ့တာပါလို့ အေပင်ရာက ပြောပါတယ်။

ဇူလိုင် ၂ ရက် ညနေက ပလတ်စတစ်သေတ္တာအကြီးကို ဝယ်ခဲ့ပြီး ရုပ်အလောင်းကိုထည့်ကာ အပေါ်ကနေ ကွန်ကရစ်တထပ်ပြီးတော့ မြေဆီလွှာတထပ် ထည့်ခဲ့တာကို မစ္စအေပင်ရာက ရဲတွေကို ပြောကြားခဲ့ပါတယ်။

တရားခံက မစ္စအေပင်ရာကို ရဲတွေဆီ ဖုန်းဆက်ခိုင်းပြီး သူက ထွက်သွားခဲ့ပါတယ်။ တရားခံဟာ တခြားမြို့က သူငယ်ချင်းဆီ သွားတယ်လို့ထင်ခဲ့ပြီး သူ့ကို ဆက်သွယ်လို့ မရခဲ့ဘူးလို့ ပြောခဲ့ပါတယ်။

မိန်းကလေးသေဆုံးမှုမှာ ပါဝင်ပတ်သက်မှု ရှိ မရှိ စစ်ဆေးမေးမြန်းဖို့ ဇနီးဖြစ်သူ နီရာမိုးကို ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013