DVB Logo
Home
မြန်မာသတင်း
ဇေကမ္ဘာစက်မှုဇုန်ရှိ ADK အထည်ချုပ်စက်ရုံ မီးလောင်
DVB
·
July 4, 2023
ဇေကမ္ဘာစက်မှုဇုန်ရှိ ADK အထည်ချုပ်စက်ရုံ မီးလောင်
1 / 5
Donate to DVB

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ် ဇေကမ္ဘာစက်မှုဇုန် ဇေကမ္ဘာ ၉ လမ်းမှာရှိတဲ့ ADK အထည်ချုပ်စက်ရုံ ဒီနေ့ ည ၆ နာရီ ၅၀ မိနစ်လောက်က မီးလောင်မှု ဖြစ်ခဲ့တယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဇေကမ္ဘာ ၉ လမ်းရှိ ADK အထည်ချုပ်စက်ရုံမှာ မီးလောင်ပြီး အထည်အလိပ်ဂိုဒေါင်များပါ ကူးစက်လောင်ကျွမ်းခဲ့တယ်လို့ အလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

"မီးက ဘယ်ကစလောင်လဲတော့ မသိဘူး၊ အထည်အလိပ်ဂိုဒေါင်မီးလောင်မှ ကျနော်တို့ ဝိုင်းငြှိမ်းနေတာ၊ မီးသတ်တွေလည်း မီးခိုးမွှန်ပြီး အသက်ရှူကြပ်တာတွေရှိတယ်။ မီးက ၈ နာရီကျော်လောက်မှ ငြိမ်းသွားတာ။" 

မီးလောင်ကျွမ်းမှုကို မီးသတ်တပ်ဖွဲ့ဝင်တွေက level 2 အဆင့်နဲ့ ၁ နာရီကြာအောင် မီးငြှိမ်းသတ်ရပြီး ၈ နာရီ ၂၃ မိနစ်မှ မီးငြိမ်းသွားတယ်လို့ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

"အခုချက်ချင်းတော့ ဆုံးရှုံးမှုတန်ဖိုးကို မတွက်ရသေးဘူး။ ဖြစ်စဥ်ကို စုံစမ်းနေတုန်းပဲရှိသေးတယ်" လို့ မီးသတ်ဦးစီးဌာနက တာဝန်ရှိသူတဦးက ဒီဗွီဘီကို ပြောပါတယ်။

ADK အထည်ချုပ်စက်ရုံမှာ မင်္ဂလာဒုံမြို့နယ်နဲ့ ရွှေပေါက်ကံမြို့ကြားရှိ ဇေကမ္ဘာဝင်းအတွင်းတည်ရှိပြီး အလုပ်သမား ၃၀၀၀ ကျော်နဲ့ လည်ပတ်နေတဲ့ စက်ရုံဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013