DVB Logo
Home
မြန်မာသတင်း
ငါးခူရနယ်မြေစခန်းမှ ရဲအုပ် ၁ ဦးနှင့် ဒုရဲအုပ် ၂ ဦး ထွက်ပြေး
DVB
·
July 4, 2023
ငါးခူရနယ်မြေစခန်းမှ ရဲအုပ် ၁ ဦးနှင့် ဒုရဲအုပ် ၂ ဦး ထွက်ပြေး
1 / 2
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်​မြောက်ပိုင်း၊ ငါးခူရနယ်မြေ ၅ မှ ရဲအုပ် ၁ ဦး၊ ဒုရဲအုပ် ၂ ဦးတို့ ဇူလိုင် ၃ ရက် ညနေမှာ စခန်းကနေ ထွက်ပြေးသွားကြတယ်လို့ ငါးခူရစခန်းမှ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးက အတည်ပြုပြောပါတယ်။

“ဇူလိုင်လ ၃ ရက် ညနေမှာ စခန်းက ထွက်ပြေးသွားကြတာ၊ လက်နက်တွေတော့ ပါမသွားဘူး။ တာဝန်ခံ ရဲအုပ် ၁ ဦး၊ အမှုစစ် ဒုရဲအုပ် ၁ ဦး နဲ့ နောက် ဒုရဲအုပ် ၁ ဦး နဲ့ သူ့ဇနီးသည်ပါ ထွက်ပြေးသွားကြတာ။” 

ထွက်ပြေးသွားကြသူတွေကတော့ ရဲအုပ်အမည်မသိ....၊ ဒုရဲအုပ် ထူးပြည်စုံ၊ ဒုရဲအုပ်မျိူးမင်းနဲ့  ဇနီးတို့ ဖြစ်တယ်လို့ နယ်ခြားစောင့်မှတ်တမ်းတွေအရ သိရပါတယ်။

ထွက်ပြေးသွားသူတွေကို ဇူလိုင် ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က စစ်ကားလေးစီးနဲ့ ပိုက်စိတ်တိုက် လိုက်လံရှာဖွေနေကြပြီး အခြားနယ်ခြားစောင့်စခန်းတွေမှာလည်း အရာရှိတွေ အပါအဝင် တပ်သားအဆင့်အထိ အပြင်ထွက်ခွင့်ပိတ်ထားကြောင်း အမည်မဖော်လိုတဲ့ နယ်ခြားစောင့်အရာရှိတွေက ပြောပါတယ်။

“ထွက်ပြေးတာက ခခ(၁၀) လက်အောက်ခံနယ်မြေ (၅) ငါးခူရစခန်းက ထွက်ပြေးတာလေ။ အခုတော့ ကျနော်တို့ နခခတွေက အရာရှိနဲ့ တပ်သားတွေအားလုံး အပြင်မထွက်ရဆိုပြီး အမိန့်ထုတ်ထားတယ်။ မပြောချင်တော့ပါဘူးဗျာ။” 

ရခိုင်ဒေသရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ တပ်ဖွဲ့ဝင်အချင်းချင်း တန်းတူအခွင့်အရေးမရရှိမူ၊ အဖိအနှိပ်ခံရမှုတွေကြောင့် မကြာခဏ ထွက်ပြေးနေကြပြီး အကုန်လုံးနီးပါးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးရမိတာတော့ မရှိခဲ့ပါဘူး။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် မတ် ၆ ရက်နေ့ကလည်း မောင်တောမြို့နယ်တောင်ပိုင်း မြင်းလွှတ်နယ်ခြားစောင့်ရဲကင်းစခန်းမှ နယ်ခြားစောင့်တပ်ဖွဲ့ဝင်လေးဦး လက်နက်တွေနဲ့အတူ ထွက်ပြေးသွားခဲ့ပါသေးတယ်။ 

မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်ရဲတပ်ဖွဲ့မှာ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်မှာ တည်ရှိပြီး နခခ(၁)မှ နခခ (၁၀) အထိ အသစ်ဖွဲ့စည်းထားကာ ယခင်ဖွဲ့စည်းထားတဲ့ အမှတ် (၁) နယ်ခြားစောင့်ရဲ ကွပ်ကဲမှုအဖွဲ့အောက်မှာရှိတဲ့ နယ်မြေ ၁၁ ခုအား ခွဲဝေအုပ်ချုပ်နေပါတယ်။

အဲဒီအထဲက နယ်မြေရုံး ၁၁ ရုံး၊ နယ်မြေရဲစခန်း ၁၂ ခု၊ ကင်းစခန်း ၉၅ ခု၊ ချောင်း၀ကင်းစခန်း ၂၇ ခု၊ နယ်စပ်ခြံစည်းရိုး ကင်းစခန်း ၁၂ ခု၊ စုစုပေါင်း ၁၅၇ နေရာအား နယ်ခြားစောင့်ရဲတပ်ဖွဲ့ခွဲ နခခ (၄) ခုနဲ့ လှုပ်ရှားဆောင်ရွက်နေတယ်လို့ နယ်ခြားစောင့်ရဲမှတ်တမ်းများအရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013