DVB Logo
Home
နိုင်ငံတကာ
ဆီနီဂေါသမ္မတ မက်ကီဆောလ် လာမည့် ရွေးကောက်ပွဲမဝင်တော့ 
DVB
·
July 4, 2023
ဆီနီဂေါသမ္မတ မက်ကီဆောလ် လာမည့် ရွေးကောက်ပွဲမဝင်တော့ 
Donate to DVB

ဆီနီဂေါသမ္မတ မက်ကီ ဆောလ်\ဟာ ၂၀၂၄ ခုနှစ် ရွေးကောက်ပွဲမှာ ပြန်အရွေးခံဖို့အတွက် ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ကြောင်း ဇူလိုင် ၃ ရက်  တနင်္လာနေ့ မိန့်ခွန်းမှာ ပြောကြားခဲ့ပါတယ်။

တတိယအကြိမ်မြောက် သမ္မတရာထူးကို ရယူလိမ့်မယ်ဆိုတဲ့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေးမှုတွေနဲ့ တရားမ၀င်ဘူးလို့ ဝေဖန်သူတွေရဲ့ ပြောစကားတွေကို အဆုံးသတ်လိုက်ပါတယ်။ 

“ဖွဲ့စည်းပုံအခြေခံဥပဒေက ကျနော့်ကို လုပ်ပိုင်ခွင့်ပေးထားပေမယ့် အချိန်ယူပြီး သေချာစဉ်းစားထားတဲ့ ဆုံးဖြတ်ချက်ဟာ နောက်ရွေးကောက်ပွဲမှာ ကိုယ်စားလှယ်လောင်းဖြစ်ဖို့ မဟုတ်ဘူး။ ဆီနီဂေါဟာ သူ့ထက် ပိုကြီးကျယ်ပြီး၊ နိုင်ငံကို ပေါ်ထွန်းလာဖို့ တွန်းအားပေးနိုင်တဲ့ ခေါင်းဆောင်တွေ အပြည့်ရှိတယ်” လို့ သမ္မတ ဆောလ်က ရုပ်မြင်သံကြား မိန့်ခွန်းမှာ ပြောပါတယ်။ 

သမ္မတ ဆောလ်ဟာ သူ့အာဏာ ဆက်တည်မြဲအောင် ကြိုးစားလိမ့်မယ်ဆိုတဲ့ ကောလာဟလတွေကြောင့် ၂၀၂၁ ခုနှစ်ကတည်းက  လူအသေအပျောက်ရှိတဲ့ မငြိမ်သက်မှုတွေ အရှိန်မြှင့်လာခဲ့ပြီး အဲဒီအုံကြွမှုတွေမှာ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရပါတယ်။ 

အနောက်အာဖရိကမှာ တည်ငြိမ်တဲ့ ဒီမိုကရေစီရဲ့ ခံတပ်အဖြစ် သိထားကြတဲ့ ဆီနီဂေါရဲ့ ဂုဏ်သိက္ခာလည်း တုန်လှုပ်ခဲ့ရပါတယ်။

လူကြိုက်များတဲ့ အတိုက်အခံခေါင်းဆောင် အော့စ်မန်း ဆွန်းကို ကို မုဒိမ်းမှုနဲ့ စွဲချက်တင်ကာ ထောင်ဒဏ် ၂ နှစ် ချမှတ်ခဲ့တာကြောင့် ပြီးခဲ့တဲ့လကပဲ လောလောလတ်လတ် မငြိမ်သက်မှုတွေ ဖြစ်ခဲ့တာပါ။ 

အဲဒီစွပ်စွဲချက်တွေကိုလည်း ဆွန်ကိုက ငြင်းဆန်ထားပြီး ရွေးကောက်ပွဲမှာ ဝင်ပြိုင်လို့မရအောင် နိုင်ငံရေးအရ လှုံ့ဆော်ခဲ့တာလို့ ပြောပါတယ်။ 

သမ္မတ ဆောလ်ကသာ နောက်တကြိမ် ပြန်အရွေးခံမယ့် အစီအစဉ်ကို ကြေညာရင် လမ်းပေါ်ထွက်ဖို့ အဆင်သင့်ဖြစ်နေအောင်လည်း ဆွန်ကိုက သူ့ထောက်ခံသူတွေကို တောင်းဆိုထားတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013