
တနင်္သာရီတိုင်း မြိတ်မြို့နယ်၊ မြိတ်တောင်ကျေးရွာအုပ်စု၊ ရွှေပြည်တန်ရပ်ကွက်မှာ ဇူလိုင် ၃ ရက် ည ၇ နာရီဝန်းကျင်မှာ လူငယ်တဦး ဓာတ်လိုက်ပြီး သေဆုံးခဲ့တယ်လို့ ရပ်ကွက်ခံတွေဆီက သိရပါတယ်။
ရွှေပြည်တန်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမှာ နေထိုင်တဲ့ အသက် ၂၆ နှစ်အရွယ် ကိုညီညီအောင်ဟာ ဓာတ်တိုင်ပေါ်မှာ အင်တာနက် wifi ကေဘယ်ကြိုးသွားတပ်ရာမှာ ဓာတ်ကြိုးနဲ့ ထိမိပြီး ဓာတ်လိုက်ကာ တိုင်ပေါ်မှ ပြုတ်ကျသေဆုံးခဲ့တာလို့ ဆိုပါတယ်။
ရပ်ကွက်နေသူ တဦးက “မနေ့က အိမ်ကိုအပြန်မှာ လမ်းမှာတွေ့လိုက်တယ်။ အစက သစ်ပင်ပြိုကျ လို့ ရှင်းလင်းနေတာထင်နေတာ။ နောက်မှ ဓာတ်လိုက်ပြီးသေနေလို့ လူတွေဝိုင်းအုံနေတာ တွေ့ရတယ်” လို့ ပြောပါတယ်။
သေဆုံးသူအား ရွှေပြည်တန်နာရေးကားနဲ့ မြိတ်ပြည်သူ့ဆေးရုံ ရင်ခွဲရုံကို ကူညီပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။










