DVB Logo
Home
အားကစား
အမေရိကန်တွင် ချင်းနှင့် နာဂရိုးရာ နပန်းပွဲကျင်းပမည်
DVB
·
July 4, 2023
အမေရိကန်တွင် ချင်းနှင့် နာဂရိုးရာ နပန်းပွဲကျင်းပမည်
Donate to DVB

ချင်းတိုင်းရင်းသားတွေနဲ့  နာဂတိုင်းရင်းသားတွေရဲ့ ရိုးရာ နပန်းပွဲတခုကို အမေရိကန်ပြည်ထောင်စု အင်ဒီယာနာပိုလစ်မြို့မှာ အခုနှစ် ဇူလိုင်လအတွင်း ကျင်းပသွားဖို့ရှိနေတယ်လို့ ပွဲဖြစ်မြောက်ရေးဦးဆောင် စီစဉ်နေသူတွေဆီက သိရပါတယ်။ 

ချင်းတိုင်းရင်းသားတွေနဲ့ နာဂရိုးရာနပန်းသမားတွေ ပါဝင်ယှဉ်ပြိုင်ထိုးသတ်ကြမယ့် ရိုးရာနပန်းပွဲကို Chin Youth Organization North America ချင်းလူငယ်အဖွဲ့က စီစဉ်နေတာ ဖြစ်ပြီး ဇူလိုင် ၇ ရက်ကနေ  ၈ ရက် အထိ ၂ ရက်တိုင်ကျင်းပမှာဖြစ်ပါတယ်။ 

ဒီပြိုင်ပွဲမှာ ပါဝင်ဖို့ အိန္ဒိယနိုင်ငံ၊ နာဂပြည်နယ်က ရိုးရာနပန်းချန်ပီယံ နှစ်ကြိမ်ရရှိတဲ့ Venuzo Dawhuo နဲ့ အဖွဲ့ဝင်တွေ အမေရိကန်နိုင်ငံကိုသွားနေပြီလို့ သူတို့နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ပြောပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကလည်း အမေရိကန်ရောက် ချင်းတိုင်းရင်းသားနပန်းသမားတွေ နာဂပြည်နယ်ကို သွားရောက်ခဲ့ပြီး နာဂနပန်းသမားတွေနဲ့ ယှဉ်ပြိုင်ခဲ့ရာ နာဂနပန်းသမားက ပထမဆုရရှိခဲ့တယ်လို့  ဒေသတွင်းသတင်းတွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013