DVB Logo
Home
နိုင်ငံတကာ
တက်ကြွလှုပ်ရှားသူ ၈ ဦးကိုဖမ်းဆီးနိုင်ရန် ဟောင်ကောင်ရဲတပ်ဖွဲ့က ဆုငွေထုတ် 
DVB
·
July 4, 2023
တက်ကြွလှုပ်ရှားသူ ၈ ဦးကိုဖမ်းဆီးနိုင်ရန် ဟောင်ကောင်ရဲတပ်ဖွဲ့က ဆုငွေထုတ် 
Donate to DVB

ဟောင်ကောင်ရဲတပ်ဖွဲ့က ပြည်ပအခြေစိုက် တက်ကြွလှုပ်ရှားသူ ၈ ဦးကို နိုင်ငံခြားကနေ ပူးပေါင်းကြံစည်မှု၊ ခွဲထွက်ဖို့ လှုံ့ဆော်မှု အပါအဝင် ကြီးလေးတဲ့ အမျိုးသားလုံခြုံရေး ရာဇ၀တ်မှုတွေနဲ့ စွပ်စွဲပြီး သူတို့ကို ဖမ်းမိမယ့်  သတင်းအချက် အလတ်တွေအတွက်  ဇူလိုင် ၃ ရက် က ဆုကြေးကို ကြေညာခဲ့ပါတယ်။

စွပ်စွဲခံရသူတွေထဲမှာ တက်ကြွလှုပ်ရှားသူတွေ ဖြစ်တဲ့ နာသန်လော၊ အန်းန ကွပ်ခ်၊ ကို့ အန်းနနဲ့ လျို ဖန်းအန်း၊ လွှတ်တော်အမတ်ဟောင်း ဒန်းနစ်စ်ကို့ဗ်နဲ့ တဒ် ဟွေ့၊ ရှေ့နေနဲ့ ဥပဒေပညာရှင် ကယ်ဗင်ယန်း၊ သမဂ္ဂအဖွဲ့ဝင် မုန့်ရှောင်တားနဲ့ အွန်လိုင်း ဝေဖန်သူ ယွမ် ဂေါင်းယိတို့ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

လိုချင်တဲ့ သတိပေးချက်တွေနဲ့ ဆုငွေတွေကို ဟောင်ကောင် ဒေါ်လာ ၁ သန်း (ဒေါ်လာ ၁၂၇,၆၅၆) စီထုတ်ပေးကာ ရဲတပ်ဖွဲ့က စွပ်စွဲခံရသူတွေရဲ့ ပိုင်ဆိုင်မှုတွေကို ဖြစ်နိုင်ရင် သိမ်းဦးမယ်လို့ သတိပေးထားပါတယ်။ 

တက်ကြွလှုပ်ရှားသူတွေက အမေရိကန်၊ ဗြိတိန်နှင့် သြစတြေးလျတို့ အပါအဝင် နေရာ အသီးသီး မှာ အခြေစိုက်နေကြတာပါ။ 

မနှစ်ကလည်း တရုတ်ဆန့်ကျင်ရေး ဆန္ဒပြမှုတွေကြောင့် ဘဏ္ဍာရေးဗဟိုချက် ဟောင်ကောင်မှာ တုန်လှုပ်ချောက်ချားခဲ့ပါတယ်။

၂၀၂၀ ခုနှစ်မှာ တရုတ်ပြည်မကြီးအစိုးရက ဗြိတိန်ကိုလိုနီဟောင်း ဟောင်ကောင် အပေါ် ချမှတ်ခဲ့တဲ့ အမျိုးသားလုံခြုံရေးဥပဒေနဲ့ သူတို့ကို တရားစွဲထားပါတယ်။ 

အမျိုးသားလုံခြုံရေးဥပဒေကို သုံးပြီး အခုအချိန်အထိ စုစုပေါင်း လူအယောက် ၂၆၀ ကို ဖမ်းဆီး ထားပြီး သူတို့ထဲက ၇၉ ဦးကို အဖျက်အမှောင့် နဲ့ အကြမ်းဖက်မှု အပါအဝင် ပြစ်မှုတွေနဲ့  ပြစ်ဒဏ် ချမှတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ 

Source-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013