Home
မြန်မာသတင်း
ဟိုပင်မြို့တွင် မိုးသည်းထန်ပြီး ရေကြီးရေလျှံ
DVB
·
July 4, 2023
357715352_287779620385612_5708262182292776778_n

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်၊ ဟိုပင်မြို့မှာ မိုးသည်းထန်စွာဆက်တိုက်ရွာသွန်းနေတာကြောင့်  ဇူလိုင် ၃ ရက် မနက်ပိုင်းက စတင်ကာ ရပ်ကွက်တွေထဲ ရေတွေ ဝင်လာပြီး ရေကြီး ရေလျှံနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းတဲ့အတွက် နန့်ရင်းချောင်းနဲ့ သရက်ချောင်းအတွင်း ရေကြီးရေလျှံကာ ချောင်းနားက ရပ်ကွက်တွေထဲ ရေတွေ ဝင်ရောက်လာလို့ သိရပါတယ်။

ဒေသခံ တဦးက "မိုးက ဆက်တိုက်ရွာနေတာ။ နန့်ရင်းချောင်း သရက်ချောင်းက ရေလျှံပြီး ရပ်ကွက်တွေထဲ ရေဝင်တယ်။ နိမ့်တဲ့ အိမ်တွေဆို  အိမ်အလယ်လောက်ထိ ရောက်နေလို့ ပစ္စည်းတွေ ရွှေ့နေရတယ်။ မိုးကတော့ ချောင်းအထက်ပိုင်း ရွာသစ်ကြီးဘက်မှာ ရွာနေတုန်းဆိုတော့ ဒီထက်ပိုဆိုးလာမှာ စိုးရိမ်ရတယ်"လို့ ပြောပါတယ်။

ရေကြီးရေလျှံတာကြောင့် ဘူတာလမ်း၊ အောင်နန်းရပ်ကွက်၊ မြို့မမြောက်ရပ်ကွက်၊ မြဇေယျာရပ်ကွက်တွေက နေအိမ် တချို့ ရေတွေ ဝင်ရောက်နေတာပါ။

မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့နယ်မှာလည်း  ဇွန် ၁၂ ရက်က မိုးအဆက်မပြတ်ရွာ သွန်းပြီး လူနေရပ်ကွက်တွေ ရေကြီးရေလျှံခဲ့ပါတယ်။

Photo-CJ  

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024