

မန်ယူအသင်းဟာ အက်တလန်တာတိုက်စစ်မှူးဟော့ဂျ်လန်းနဲ့ ဖရန့်ဖတ်တိုက်စစ်မှူး မူအမ်နီတို့ကို ခေါ်ယူဖို့ ဆွေးနွေးညှိနိူင်းမှုတွေ ဆက်လုပ်နေပါတယ်။
ယူနိုက်တက်နည်းပြ တန်ဟတ်ဂ်ဟာ ရာသီကြို ခြေစမ်းပွဲစဉ်တွေမစတင်ခင်မှာ တိုက်စစ်မှူးတစ်ဦး ခေါ်ယူဖို့ တောင်းဆိုထားတာပါ။
အီတလီကလပ် အက်တလန်တာတိုက်စစ်မှူး ဟော့ဂျ်လန်းကို ပေါင်သန်း ၈၀ လောက် ဈေးနူန်းသတ်မှတ်လိုက်တာကြောင့် ယူနိုက်တက်ဘက်က လက်လျှော့ခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။
ဒါပေမဲ့ လက်ရှိအချိန်မှာ တော့ ဦးစားပေးပစ်မှတ်အဖြစ် ဆက်လက် ဆွေးနွေးနေတာပါ။ အသက် ၂၀ ပဲရှိသေးတဲ့ ဒိန်းမတ် တိုက်စစ်မှူးဟာ မနှစ်က မိခင်ကလပ်နဲ့ စီးရီးအေ ၃၂ ပွဲကစားခဲ့ရာမှာ ၉ ဂိုးသွင်းခဲ့ပါတယ်။
ဒါ့အပြင် ဖရန့်ဖတ်အသင်းက ပြင်သစ်တိုက်စစ်မှူး ကိုလိုမူအမ်နီကိုလည်း စောင့်ကြည့်နေပြီး သူဟာမနှစ်က ပြိုင်ပွဲစုံမှာ ၂၃ ဂိုးသွင်း ၁၇ ကြိမ်ဂိုးဖန်တီးမှု ပြုလုပ်နိုင်ခဲ့သူဖြစ်ပါတယ်။










