DVB Logo
Home
နိုင်ငံတကာ
အစ္စရေးက F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည်
DVB
·
July 3, 2023
အစ္စရေးက F-35 ကိုယ်ပျောက်တိုက်လေယာဉ်များ ဝယ်ယူမည်
Donate to DVB

အစ္စရေးနိုင်ငံမှာ ဒေါ်လာ ၃ ဘီလီယံ တန်ကြေးရှိတဲ့ F-35 ကိုယ်ပျောက်တိုက်လေယာဉ်တွေကို တတိယမြောက် တပ်ရင်းအဖြစ် ဝယ်ယူမယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂ ရက်မှာ အတည်ပြု ပြောပါတယ်။

Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သွားမယ့် နောက်ထပ် F-35 တိုက်လေယာဉ် ၂၅ စင်းကို အစ္စရေးနိုင်ငံရဲ့ လေတပ်ထဲမှာ ထပ်ပေါင်းထည့်နိုင်မှာ ဖြစ်တာကြောင့် F-35 အစီးရေ ၇၅ စင်းအထိ ရှိလာတော့မှာ ဖြစ်တယ်လို့ ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒါ့အပြင် အမေရိကန်ကနေ လက်ခံရရှိမယ့် ကာကွယ်ရေး အထောက်အပံ့ဆိုင်ရာ အစီအစဉ်ကတဆင့် ဒီသဘောတူညီချက်အတွက် ငွေပေးချေသွားမှာ ဖြစ်တယ်လို့ အစ္စရေးဘက်က ဖြည့်စွက် ပြောဆိုပါတယ်။

အစ္စရေးနိုင်ငံဟာ အမေရိကန်ရဲ့ ပြင်ပမှာ F-35 တိုက်လေယာဉ်တွေကို ဝယ်ယူနိုင်ခဲ့တဲ့ ပထမဆုံးသော နိုင်ငံတခုလည်း ဖြစ်ပါတယ်။

၂၀၁၈ ခုနှစ်၊ မေလမှာ လေတပ်အကြီးအကဲ ဖြစ်သူကလည်း “ဒီလေယာဉ်တွေကို တိုက်ပွဲတွေမှာ ပထမဆုံး အသုံးပြုနိုင်ခဲ့တဲ့နိုင်ငံဟာ အစ္စရေးဖြစ်တယ်” လို့ ပြောကြားခဲ့ဖူးပါတယ်။

ဒီ F-35 လေယာဉ်တွေကို ပူးတွဲ တိုက်ခိုက်ရေးဖိုက်တာတွေအဖြစ် လူသိများသလို အစ္စရေးမှာဆိုရင်လည်း “စွမ်းအားကြီးမားမှု” လို့ အဓိပ္ပာယ်ရတဲ့ ဟီးဘရူး ဘာသာစကားအရ “အဒီယာ”ဆိုပြီး အမည်ပေးထားပါတယ်။

Lockheed Martin ကုမ္ပဏီနဲ့တူ  အင်ဂျင်ထုတ်လုပ်ရေး ကုမ္ပဏီတခုဖြစ်တဲ့ Pratt & Whitney တို့က  လေယာဉ်အစိတ်အပိုင်းတွေ ထုတ်လုပ်ရာမှာ အစ္စရေးကာကွယ်ရေး ကုမ္ပဏီတွေကိုပါ ပါဝင်ခွင့်ပေးဖို့အတွက် သဘောတူညီခဲ့ကြတယ်လို့ ဝန်ကြီးဌာနက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013