

အမေရိကန်မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းဟာ မက်ဆီနဲ့ တွဲဖက်ကစားဖို့အတွက် နောက်ခံလူယော်ဒီအယ်လ်ဘာနဲ့ တိုက်စစ်မှူး ဆွာရက်ဇ်တို့ကိုပါခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။
မိုင်ယာမီအသင်းဟာ မက်ဆီရဲ့ ဘာစီလိုနာအသင်းဖော်ဟောင်းတစ်ဦးဖြစ်သူ ဘူးစကွက်စ်ကိုလည်း ခေါ်ယူဖို့ သဘောတူညီမှုရထားတာပါ။
ဒါ့အပြင် ဘာကာကနေထွက်ခွါလာတဲ့နောက်ခံလူ အယ်လ်ဘာနဲ့ ဘရာဇီးကလပ် ဂရီမီယိုအသင်းမှာ ကစားနေတဲ့တိုက်စစ်မှူးဆွာရက်ဇ်တို့ကို ခေါ်ယူဖို့လည်းဆွေးနွေးနေတာပါ။
အင်တာမိုင်ယာမီအသင်းဥက္ကဋ္ဌဖြစ်သူ ရော့မက်စ်ကလည်း အယ်လ်ဘာနဲ့ ဆွာရက်ဇ်တို့ကိုခေါ်ယူဖို့ ဆွေးနွေးနေကြောင်း အတည်ပြုပါတယ်။
ဆွာရက်ဇ်က စာချုပ်ရှိနေ သေးပေမဲ့ စာချုပ်ဖျက်သိမ်းကြေးရှိကြောင်း၊ ဘယ်လို ရလဒ်ဖြစ်လာမလဲ မသိနိုင်သေးကြောင်း ဥက္ကဋ္ဌ မက်စ်က ပြောပါတယ်။
မက်ဆီ ပြောင်းရွှေ့လာတာက မြောက်အမေရိကတိုက်ရဲ့ ဘောလုံးလောကအတွက် အလွန်ကူညီထောက်ပံ့ပေးနိုင်တဲ့ အခိုက်အတန့်ဖြစ်ကြောင်းလည်း မိုင်ယာမီဥက္ကဋ္ဌ မက်စ်က ပြောသွားပါတယ်။










