DVB Logo
Home
အားကစား
ယူရိုသန်း ၂၄၀ ပေးမည့် အသင်းဆီ ပြောင်းရွှေ့ရန် အမ်ဘာပေ ဆန္ဒရှိ
DVB
·
July 3, 2023
ယူရိုသန်း ၂၄၀ ပေးမည့် အသင်းဆီ ပြောင်းရွှေ့ရန် အမ်ဘာပေ ဆန္ဒရှိ
Donate to DVB

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေဟာ ယူရိုသန်း ၂၄၀ တန်ကြေးရှိတဲ့ လုပ်ခလစာပေးမယ့် ဘယ်အသင်းမဆို ပြောင်းရွှေ့ကစားဖို့ဆန္ဒရှိနေတယ်လို့သိရပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီနဲ့ ၂၀၂၄ ခုနှစ်မှာ စာချုပ်သက်တမ်းကုန်ဆုံးမှာဖြစ်ပေမဲ့ ယူရိုသန်း ၂၄၀ လုပ်ခလစာသာရရှိနိုင်မယ်ဆိုရင် ဘယ်အသင်းကိုမဆို ပြောင်းရွှေ့ဖို့ဆန္ဒရှိတယ်လို့ စပိန်သတင်းစာမာကာက ဖော်ပြခဲ့တာပါ။

အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းဆီပြောင်းရွှေ့ဖို့ ရေပန်းအစားဆုံးဖြစ်နေပေမဲ့ မက်ဒရစ်ဘက်က အခုနှစ် နွေရာသီမှာအပြောင်းအရွှေ့မှာခေါ်ယူဖို့ ဆန္ဒမရှိသေးပါဘူး။

စာချုပ်သက်တမ်းကုန်ဆုံးမဲ့ ၂၀၂၄ ခုနှစ်မှ အမ်ဘာပေးကိုခေါ်ယူဖို့ ရီးရဲလ်မက်ဒရစ်ကစီစဉ်ထားတာဖြစ်ပါတယ်။

အမ်ဘာပေရရှိလိုတဲ့ လုပ်ခလစာတန်ကြေးက စတာလင်ပေါင်တန်ကြေးနဲ့တွက်မယ်ဆိုရင် ပေါင် ၂၀၆ သန်းရှိပါတယ်။

အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာလည်း အမြင့်ဆုံး လုပ်ခရရှိနေပြီး ဥရောပလိဂ်တွေမှာ လုပ်ခအများဆုံးကစားသမားဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013