DVB Logo
Home
မြန်မာသတင်း
လသာမြို့နယ် ဟိုတယ်တခုတွင် တရုတ်နိုင်ငံသား ၁ ဦး သေဆုံး
DVB
·
July 2, 2023
လသာမြို့နယ် ဟိုတယ်တခုတွင် တရုတ်နိုင်ငံသား ၁ ဦး သေဆုံး
Donate to DVB

ရန်ကုန်တိုင်း လသာမြို့နယ် အမှတ် ၂ ရပ်ကွက် စဥ့်အိုးတန်းလမ်း အပေါ်ဘလောက်ရှိ Daw Htay Hotel မှာ ဇူလိုင် ၁ ရက်က မနက်က တရုတ်နိုင်ငံသားတဦး သေဆုံးခဲ့တယ်လို့ ရပ်ကွက်နေသူတွေဆီက သိရပါတယ်။

"မနေ့က ဟိုတယ်မှာ နိုင်ငံခြားသားတစ်ယောက်သေသွားတယ်၊ ရဲတွေရော ရပ်ကွက်လူကြီးတွေရော အများကြီးပဲ စစ်သားတွေလည်း။ ဘာကြောင့်သေတာလဲတော့ မသိဘူး၊ လူနာတင်ယာဥ်နဲ့ သယ်သွားတယ်" လို့ ရပ်ကွက်နေသူတဦးက ပြောပါတယ်။

Daw Htay ဟိုတယ် အခန်းအမှတ် ၅၀၇ မှာ တရုတ်နိုင်ငံ ကူမင်းမြို့ကနေ ဇွန် ၂၃ ရက်က လာရောက်တည်းခိုသူ အသက် ၃၆ နှစ်အရွယ် HAO JUN ဟာ ဇူလိုင် ၁ ရက်က သေဆုံးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတဦးက ဒီဗွီဘီ ကိုပြောပါတယ်။

"ဇွန်လ ၂၃ ရက်က Social ဗီဇာနဲ့လာလည်တာ၊ သူမှာ နှလုံးရောဂါအခံရှိတယ်၊ သွေတိုးရော အတက်ရောဂါလည်းရှိတယ်လို့ သူအဖေက ပြောတယ်။" 

တရုတ်နိုင်ငံသားသေဆုံးမှုနဲ့ ပတ်သက်ပြီး ဟိုတယ်နဲ့နီးစပ်သူတဦးက "သေတာတော့ ဟုတ်တယ်၊ အချိန်တော့မသိဘူး၊ မနေ့က ကျနော်ဂျူတီချိန်မဟုတ်ဘူး” လို့ ပြောပါတယ်။

လသာမြို့မရဲစခန်းမှ သေဆုံးသူရဲ့ Dade Body ကို လူနာတင်ယာဥ်နဲ့ ရန်ကုန်ဆေးရုံကြီးကို ပို့ဆောင်ကာ သေဆုံးမှုနဲ့ပတ်သက်ပြီး စစ်ဆေးနေတယ်လို့ အုပ်ချုပ်ရေးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013