
အိန္ဒိယနိုင်ငံအရှေ့ပိုင်း၊ ကိုလ်ကတ္တားမြို့က ဟိုတယ်တလုံးမှာ ဩဂုတ် ၁၉ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ပြီး ကလေးတယောက် အပါအဝင် အနည်းဆုံး လူ ၉ ယောက် သေဆုံးသွားကြောင်း ဒေသတွင်းရဲတပ်ဖွဲ့က ပြောပါတယ်။
အင်္ဂါနေ့ မနက်အစောပိုင်း ၂ နာရီ မိနစ် ၅၀ လောက်မှာ ဟိုတယ်ဒုတိယထပ်ကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး ၁ နာရီအတွင်း မီးငြှိမ်းသတ်နိုင်ခဲ့တယ်လို့ အကြီးတန်း ရဲအရာရှိက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
လျှပ်စစ်ဝါယာရှော့ဖြစ်ရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာ ဖြစ်နိုင်ပြီး လူပေါင်း ၃၀ နီးပါးကို ဘေးကင်းစွာ ကယ်ထုတ်နိုင်ခဲ့တယ်လို့ ရဲအရာရှိကြီးက ဆိုပါတယ်။
သေဆုံးသွားသူတွေထဲမှာ ဆေးကုသဖို့အတွက် ကိုလ်ကတ္တားကို ရောက်ရှိနေတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေ ပါဝင်တယ်လို့ မီးသတ်ဌာန တာဝန်ရှိသူတွေက ပြောကြောင်း ဒေသတွင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မီးလောင်ရတဲ့ အကြောင်းအရင်း အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။
Source: Reuters











