DVB Logo
Home
မြန်မာသတင်း
မုဒုံမြို့နယ်၌ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ 
DVB
·
July 2, 2023
မုဒုံမြို့နယ်၌ စစ်ကောင်စီစစ်ဆေးရေးဂိတ်များ ဒရုန်းဖြင့် တိုက်ခိုက်ခံရ 
Donate to DVB

မွန်ပြည်နယ် မုဒုံမြို့နယ်၊ ဆက်သွယ်ကျေးရွာအုပ်စု၊ အဘစ်ကျေးရွာ  အဘစ်-ခလယ်တံခွန်တိုင်ကား လမ်းက   စစ်ဆေးရေးဂိတ် ဇူလိုင် ၁ ရက် ညနေ ၄ နာရီလောက်က တိုက်ခိုက်ခံရတယ်လို့ ဒေသခံ တွေက ပြောပါတယ်။

စစ်ဆေးရေးဂိတ်ကို ဒေသကာကွယ်ရေးတပ်ကဒရုန်းနဲ့ ဗုံးသီးချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသ ကာကွယ်ရေးတပ်ဖွဲ့ဝင် နဲ့နီးစပ်တဲ့သူကပြောပါတယ်။

တိုက်ခိုက်ခံရမှုကြောင့် စစ်သား ၁ ဦးနဲ့ ရဲတပ် ၁ ဦးသေဆုံးကာ ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့နီးစပ်တဲ့သူတွေက ပြောပါတယ်။

စစ်ဆေးရေးဂိတ်ကို တိုက်ခိုက်ခဲ့တာနဲ့ပတ်သက်ပြီး ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့က သတင်း မထုတ်ပြန်သေးပါဘူး။ 

လတ်တလော မွန်ပြည်နယ်ထဲမှာတော့ ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ပေါင်၊ မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်တွေမှာ စစ်တပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေ တိုက်ပွဲတွေဖြစ်ပွားနေပါတယ်။

ကျိုက်ထိုမြို့နယ်နဲ့ ဘီးလင်းမြို့နယ်ကြားရှိ သံတောင်စစ်ဆေးရေးဂိတ်လည်း ဇူလိုင် ၁ ရက် မွန်းတည့် ၁၂ နာရီ၊ မိနစ် ၂၀ လောက်က ဒရုန်းနဲ့တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ယောက် သေဆုံးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းအဖွဲ့က ပြောပါတယ်။

"ပထမအကြိမ်ဒရုန်းနဲ့ ဗုံးသီး ၈ လုံး အသုံးပြု တိုက်ခိုက်ခဲ့ပြီး နေ့လယ် ၁ နာရီ ၅၅ မိနစ်လောက်မှာ ဒုတိယအကြိမ် ဒရုန်းနဲ့ ဗုံးသီး ၆ လုံး။ ပထမအကြိမ် ဗုံးသီးချတိုက်ခိုက်မှုမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦး သေဆုံးခဲ့တယ်” လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

ဒုတိယအကြိမ် ဗုံးသီးချတိုက်ခိုက်မှုမှာ‌တော့  စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးခဲ့ပြီး စုစုပေါင်း ၅ ဦး သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

သံတောင်စစ်ဆေးရေးဂိတ်ကို မွန်ပြည်နယ် သထုံမြို့နယ်ပြည်သူ့ကာကွယ်ရေး တော်လှန်ရေးအင်အားစု TPDF နဲ့ KNLA၊ PDF၊ KRF ကျိုက်ထို (ပကဖ)၊ PPDF-KD၊ Yangon Eagle Force အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က လက်နက်ငယ်တွေ၊ စက်လက်နက်တွေ၊  ၈၁ မမ လက်နက်ကြီး၊ ၆၀ မမ လက်နက်ကြီးတွေနဲ့ ပြန်ပစ်ခဲ့ပေမဲ့ ပူးပေါင်းတပ်ဖွဲ့ဝင်တွေ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့တယ်လို့ သထုံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီဘက်က စစ်အင်အားတိုးချဲ့လာတာကြောင့်  စစ်ရေးတင်းမာနေတယ်လို့ ဆိုပါတယ်။

ပြည်သူတွေအနေနဲ့ အရေးကြီးကိစ္စမရှိပါက ခရီးမသွားကြဖို့၊ ခရီးသွားရင်း  စစ်ကောင်စီ ယာဉ်တန်းတွေနဲ့ဆုံရင် ဝေးဝေးကနေကြဖို့၊ စစ်ကောင်စီတပ်တွေဟာ အရပ်သားတွေကို အကာအကွယ်ယူပြီး သွားလာလှုပ်ရှားတာမျိုး ရှိတာကြောင့် သတိထားသွားလာကြဖို့  ဒေသကာကွယ်ရေးတော်လှန်ရေးအင်အားစုတွေက ပြောဆိုထားပါတယ်။

ဇူလိုင် ၁ ရက်ကလည်း စစ်ကောင်စီတပ်သားကို မြင်ပြီး အိမ်တံခါးပိတ်လိုက်တဲ့  ရေးမြို့နယ် နှစ်ကရင်ရွာသားတဦး  ဖမ်းဆီးခံရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

"အိမ်ထဲပြေးဝင်တံခါးပိတ်လိုက်တယ်။ စစ်တပ်က မြင်ပြီး အိမ်တံခါးကို ထုဖျက်၊ တအိမ်လုံးမွှေနှောက်ရှာဖွေပြီး အိမ်ရှင်ကို ဖမ်းသွားတာကြောင့် သူ့မိန်းမ မိချိုဝင်းလည်း အိမ်မှာမနေရဲဘဲ တခြားရွာမှာပြောင်းနေရပါတယ်” လို့ မိသားစုဝင်နဲ့နီးစပ်တဲ့သူတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ဇွန် နောက်ဆုံးအပတ် စစ်ကောင်စီတပ်နဲ့ ဒေသကာကွယ်ရေးတပ်တွေအကြား တိုက်ပွဲဖြစ်ခဲ့စဉ်ကလည်း နှစ်ကရင် ကျေးရွာသားအများအပြားကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခဲ့တာကြောင့် ရွာရဲ့လူဦးရေ ထက်ဝက်နီးပါးလောက် ရွာမှာမနေရဲကြဘူးလို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013