DVB Logo
Home
မြန်မာသတင်း
ခင်ဦးဒေသခံ ၆၀၀၀ ကျော်ထွက်ပြေးနေရ၊ လက်နက်ကြီးကြောင့် ကောလင်းပြည်သူ ၄ ဦးသေဆုံး
DVB
·
July 2, 2023
ခင်ဦးဒေသခံ ၆၀၀၀ ကျော်ထွက်ပြေးနေရ၊ လက်နက်ကြီးကြောင့် ကောလင်းပြည်သူ ၄ ဦးသေဆုံး
Donate to DVB

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ် စစ်ကောင်စီတပ် စစ်ကြောင်းထိုးလာတာကြောင့် ပြည်သူ ၆၀၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ 

ညောင်ကန်ကျေးရွာမြောက်ဘက်ကို  စစ်ကောင်စီတပ်အင်အား ၁၀၀ လောက် ဇူလိုင် ၂ ရက် မနက်က စစ်ကြောင်းထိုးလာတာကြောင့် ကျေးရွာဒေသခံ ၃၅၀၀ ကျော် ထွက်ပြေးနေရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဇွန် ၁၈ ရက်ကနေ ဒီနေ့အထိ စစ်ကြောင်းထိုးနေပြီး ပြည်သူ ၁၀ ဦးထက်မနည်း ဖမ်းဆီးခဲ့တယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

ချမ်းသာကုန်းနဲ့ အင်းပတ်ရွာဘက်ကိုလည်း ဇူလိုင် ၂ ရက် မနက်အစောပိုင်းက စစ်တပ်နဲ့ပျူအင်အား ၅၀ လောက် စစ်ကြောင်းထိုးလာစဉ် မိုင်းနင်းမိပြီး သေဆုံးဒဏ်ရာရတာတွေ ရှိခဲ့ပြီးနောက် လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ချမ်းသာကုန်းရွာနဲ့ အင်းပတ်ရွာအတွင်းကို ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂၅၀၀ ကျော် ထွက်ပြေးခဲ့ရတာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ရမ်းသန်းပစ်ခတ်ခဲ့တာကြောင့် ချမ်းသာကုန်းရွာမှ  အသက် ၆၀ အရွယ်အမျိုးသား ၁ ဦး ပေါင်ထိမှန်ဒဏ်ရာရခဲ့ပြီး ချမ်းသာကုန်းနဲ့ အင်းပတ်ရွာတို့မှ နွား ၂ ကောင် ထိခိုက်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ မိုင်းနင်းမိတာကြောင့် ထိခိုက်သေဆုံးမှုအခြေအနေကိုတော့ မသိရသေးပါဘူး။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့ပေါ်ရှိ ကျော်ဇေယျာရပ်ကွက်အတွင်းကို ဇွန် ၃၀ ရက်နေ့ ည ၁၂ နာရီလောက်မှာ စစ်ကောင်စီတပ်က ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲတာကြောင့် ၈ နှစ်အရွယ် ကလေးငယ် ၁ ဦးအပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကျတာကတော့ ဦးသာထူး ခနေအိမ်နဲ့ မဇာခြည်ဦးတို့ နေအိမ်ပေါ်ကျရောက်ပေါက်ကွဲတာဗျ။ သေတဲ့သူတွေက ၄ ဦးဗျ။ ဦးသာထူး အသက် ၆၀ နှစ်၊ ဦးသာထူးဇနီးနဲ့ အသက် ၈ နှစ်အရွယ် ဦးသာထူးရဲ မြေးပါဗျ။ နောက်တဦးကတော့ အသက် ၄၃ နှစ်အရွယ် မဇာခြည်ဦးပါဗျ။ အလောင်းတွေကို ဒီနေ့မနက်ခင်းက စစ်ကောင်စီက လာသယ်သွားတယ်။ ဘာကြောင့် စစ်ကောင်စီက အလောင်းတွေ လာသယ်တာကိုတော့ ကျနော်မပြောတတ်ဘူး” လို့ ကောလင်းဒေသခံတဦးက ပြောပါတယ်။

ကောလင်းမြို့နယ်နဲ့ နယ်နိမိတ်ချင်း ထိစပ်နေတဲ့ ကန့်ဘလူမြို့နယ်၊ ကိုးတောင်ဘို့ကျေးရွာမှာ အထိုင်ချနေထိုင်တဲ့ စစ်ကောင်စီနဲ့ ပျူစခန်းတွေကို ဇွန် ၃၀ ရက်နေ့ ည ၇ နာရီလောက်မှာ ပြည်သူကာကွယ်ရေးအဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်ခဲ့တာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပြန်လည်ပစ်ခတ်ခဲ့ရာ ကျော်ဇေယျာ ရပ်ကွက်ထဲ ကျရောက်ပေါက်ကွဲပြီး ပြည်သူအချို့ သေဆုံးခဲ့တာလို့ ကောလင်းမြို့နယ်ပကဖအဖွဲ့ဝင်တွေရဲ့ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013