DVB Logo
Home
Lead Story
အမေရိကန်တွင် ယခုနှစ်နွေရာသီ ပျှမ်းမျှအပူချိန်ထက် အပူဒဏ်ပိုခံစားရနိုင်
DVB
·
July 2, 2023
အမေရိကန်တွင် ယခုနှစ်နွေရာသီ ပျှမ်းမျှအပူချိန်ထက် အပူဒဏ်ပိုခံစားရနိုင်
Donate to DVB

အမေရိကန်နိုင်ငံတဝန်းမှာ နွေရာသီဟာ လွန်ခဲ့တဲ့ တပတ်ကမှ စတင်ခဲ့ပေမဲ့ အဖြစ်အပျက်တွေ အများကြီးရှိနေပြီလို့ ရာသီဥတုနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာ နိုင်ငံတကာသုတေသနဌာန အကြီးတန်း သုတေသီနဲ့ ကိုလံဘီယာတက္ကသိုလ် ရာသီဥတုဌာန သိပ္ပံပညာရှင် အန်ဒရူး ခရူကဲ့ဗစ်ချ်က ပြောပါတယ်။

အမေရိကတိုက်ထဲက နေရာအများအပြားဟာ ဒီနှစ်နွေမှာ ပျမ်းမျှ အပူချိန်ရဲ့ အထက်မှာ ရှိတဲ့ အပူဒဏ်ကို ခံစားရဖို့ မျှော်လင့်ထားသင့်တယ်လို့ တရားဝင် အစိုးရခန့်မှန်းချက်တွေက ဆိုပါတယ်။

တက္ကဆက်ပြည်နယ်က အကြီးဆုံးမြို့ ဟူစတန်မှာ ဇွန် ၂၇ ရက်က အပူချိခန် ၃၈ ဒီဂရီ ဆဲလ်စီးယပ်စ် ရှိခဲ့တာပါ။

ပျမ်းမျှ နှစ်တနှစ်ရဲ့ ခုလိုအချိန်မှာ အပူချိန် ပုံမှန်မြင့်ချိန် က ၃၄ ဒီဂရီ ဆဲလ်စီးယပ်စ်သာ ရှိခဲ့တာပါ။ ချီကာဂိုမြို့မှာတော့ လေထုညစ်ညမ်းနေလို့ ကလေးတွေ သက်ကြီး ရွယ်အိုတွေနဲ့ အသက်ရှူ လမ်းကြောင်းရောဂါ ရှိသူတွေဟာ အိမ်ထဲမှာပဲ နေကြဖို့ သတိပေး ခံထားရပါတယ်။

တက်ဆက်၊ အရီဇိုးနားနဲ့ ဖလော်ရီဒါ ပြည်နယ်တွေမှာနေထိုင်ကြတဲ့ အမေရိကန် ပြည်သူ ၆၂ သန်းကတော့ ဇူလိုင် ၄ ရက်အထိ အပူချိန်ဆိုင်ရာ သတိပေးချက်တွေ အကြံပြုချက်တွေရဲ့ အောက်မှာ ရှိနေမယ်လို့ အမျိုးသား မိုးလေဝသဌာနက ပြောပါတယ်။

ပြည်သူတွေ အရည် အများကြီး သောက်ကြဖို့နဲ့ နေရောက်အောက်မှာ မနေကြဖို့ကိုလည်း တိုက်တွန်းထားပါတယ်။

အမေရိကန် အနောက်အလယ်ပိုင်းရဲ့ အထက်ဘက်က မြို့အတော် များများကတော့ ကနေဒါတောမီး တွေကနေ ပါလာတဲ့ အဆိုးဆုံး လေထု အရည်အသွေးကိုလည်း ရင်ဆိုင်နေရတယ်။ 

အမေရိကန်နိုင်ငံတဝန်း ပြင်းထန်တဲ့ ရာသီဥတုပြောင်းလဲမှုရဲ့ ကြိမ်နှုန်းနဲ့  ပြင်းထန်မှု တိုးပွားလာတာ ဟာ  လူသားတို့ကြောင့် ရာသီဥတု ပြောင်းလဲခြင်းရဲ့ လက္ခဏာဖြစ်တယ်လို့ သိပ္ပံပညာရှင်တွေက ပြောခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013