DVB Logo
Home
နိုင်ငံတကာ
အိန္ဒိယအနောက်ပိုင်း ယာဉ်တိုက်မှုတွင် လူ ၂၅ ဦး သေဆုံး
DVB
·
July 2, 2023
အိန္ဒိယအနောက်ပိုင်း ယာဉ်တိုက်မှုတွင် လူ ၂၅ ဦး သေဆုံး
Donate to DVB

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရပ်ရှ်တြာပြည်နယ်မှာ ဇူလိုင် ၁ ရက်အစောပိုင်းက ဘတ်စ်ကား တစီးဟာ အမြန်လမ်းပေါ်မှာ ယာဉ်တိုက်မှုဖြစ်ပြီး မီးလောင်မှု ဖြစ်ပွားခဲ့လို့ အနည်းဆုံး လူ ၂၅ ဦး သေဆုံးကာ  ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ 

ဘတ်စ်ကားဟာ ဒေသစံတော်ချိန် မနက် ၁ နာရီခွဲလောက်မှာ အမြန်လမ်းပေါ်မှာ လမ်းခွဲ ပြသထားတဲ့ တံတားတခုကို ဝင်တိုက်မိပြီး ယာဉ်ရဲ့ ဒီဇယ်ဆီတိုင်ကီ ပေါက်ပြဲရာကနေ ယာဉ်တစီးလုံးကို ဖိတ်စင်ပြီးတော့ မီးလောင်မှု ဖြစ်ပွားခဲ့တာလို့ ဒေသခံရဲတပ်ဖွဲ့က ပြောပါတယ်။

ဘတ်စ်ကားပေါ်ကနေ လွတ်မြောက်လာသူ ၈ ဦးရှိပြီး သူတို့ရဲ့အသက်ကို ကယ်ဆယ်နိုင်ခဲ့ပေမဲ့ ကံမကောင်းစွာနဲ့ပဲ လူ ၂၅ ဦး သေဆုံးခဲ့ရတယ်လို့လည်း ဆိုပါတယ်။

မတော်တဆမှု ဖြစ်တာထက်ကို မီးလောင်မှုကြောင့် သေဆုံးရတာကပိုများပြီး အလောင်းအားလုံး မီးလောင်ကျွမ်းသွားတာလို့ ရဲအုပ်ကြီးက ပြောပါတယ်။ 

ပြည်နယ်ဝန်ကြီးချုပ် အေ့က်နသ်ရှင်းဒေးနဲ့ ၀န်ကြီးချုပ် နာရင်ဒြာမိုဒီတို့ဟာ ဝမ်းနည်းကြောင်း ဖော်ပြချက်တွေကို တွစ်တာမှာ သီးခြားစီ ပို့စ်တင်ခဲ့ပါတယ်။

ဘေးဒုက္ခသည် တဦးစီရဲ့ မိသားစုတွေကို အိန္ဒိယရူပီးငွေ ၇ သိန်း (ဒေါ်လာ ၈,၅၀၀) ကို ထောက်ပံ့ သွားမယ်လို့လည်း ပြောခဲ့ပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013