

ထိုင်းနိုင်ငံမှာ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေ ပုံမှန်တိုးလာပေမဲ့ အကြမ်းဖက်မှုကို ဆန့်ကျင်တဲ့ လှုပ်ရှားမှုတွေဟာ နိုင်ငံရေးရဲ့ ကျဉ်းမြောင်းတဲ့ နယ်ပယ်အတွင်းမှာပဲရှိနေသေးတယ်လို့ ထိုင်းမီဒီယာတွေက ဖော်ပြပါတယ်။
အမျိုးသားနှင့် အမျိုးသမီး တိုးတတ်ရေးဖောင်ဒေးရှင်းရဲ့ အဆိုအရ အိမ်တွင်းအကြမ်းဖက်မှုဆိုင်ရာ အချက်အလက်တွေကောက်ယူခဲ့ရာမှာ နှစ်စဉ်အမျိုးသမီး သေဆုံးမှုရဲ့ ၅၂ ဒသမ ၄ ရာခိုင်နှုန်းဟာ အိမ်တွင်းအကြမ်းဖက်မှုဖြစ်ကြောင်း တွေ့ရပါတယ်။
အိမ်တွင်းအကြမ်းဖက်မှုအတွင်း ခင်ပွန်းဖြစ်သူက ဇနီးသည်ကို သတ်ဖြတ်မှု ၆၃ ဒသမ ၄ ရာခိုင်နှုန်းနဲ့ အမြင့်ဆုံးရာခိုင်နှုန်းမှာ ပါဝင်နေပါတယ်။
မကြာသေးမီက United Thai Nation Party ရဲ့ အထွေထွေအတွင်းရေးမှူး အခါနတ်ပရွမ်ဖန်က ပိုစတာထုတ်ဝေတာနဲ့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှု ဆန့်ကျင်ရေး စည်းလုံးညီညွတ်ရေး တောင်းဆိုလှုပ်ရှားမှုတွေ စတင်ခဲ့ပေမဲ့ အဲဒီလုပ်ရပ်ဟာ Move Forward ပါတီကို တိုက်ခိုက်ဖို့ နိုင်ငံရေး လှုပ်ရှားမှုတစ်ခုအဖြစ် ရှုမြင်တာဖြစ်လို့ လက်လျော့ခဲ့ရပါတယ်။
အခါနိတ်က အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုပြဿနာကို အမှန်တကယ်နားမလည်ဘူးလို့ ဝေဖန်ခံနေရပြီး ဝန်ကြီးချုပ်ဟောင်း၊ ထိုင်းနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီးဝန်ကြီးချုပ်ဖြစ်တဲ့ ယင်လပ်ရှင်နာဝပ်ကို စော်ကားတဲ့ ပြည်သူ့ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေးကော်မတီ (PDRC) လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြောင်း ထောက်ပြခံနေရပါတယ်။
“ကျားမရေးရာပြဿနာတွေကိုအခြေခံပြီး ၀န်ကြီးချုပ်ဟောင်းကို ကျွန်ုပ် မဝေဖန်ပါ။ အမျိုးသား၊ အမျိုးသမီး သိုမဟုတ် LGBTQ ကျား၊မ ခွဲခြားဆက်ဆံမှုတွေနဲ့ ပတ်သက်ပြီး ခွဲခြားဆက်ဆံတာ မဟုတ်ပါ။ မှန်ကန်သည်ဖြစ်စေ မှားသည်ဖြစ်စေ၊ ဒီကိစ္စက အရင်တုန်းကဖြစ်ပြီး ဝေဖန်မှုတွေကို လက်ခံမှာပါ"လို့ အခါနတ်ကပြောကြားခဲ့ပါတယ်။
UN Women ရဲ့ အဆိုအရ အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအပေါ် အကြမ်းဖက်မှုကို ဖြစ်ပေါ်စေတဲ့ သိုမဟုတ် ဖြစ်ပေါ်လာနိုင်ဖွယ်ရှိတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ လိင်ပိုင်းဆိုင်ရာ သိုမဟုတ် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု သိုမဟုတ် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ခြိမ်းခြောက်တာတွေ အပါအဝင် အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေကို ထိခိုက်စေတဲ့ ကျား-မအခြေခံအကြမ်းဖက်မှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။
Source-Thailand News










