DVB Logo
Home
မြန်မာသတင်း
မင်းလှမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ
DVB
·
July 1, 2023
မင်းလှမြို့နယ်၌ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး ပစ်သတ်ခံရ
Donate to DVB

ပဲခူးတိုင်းအနောက်ခြမ်း၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူးနဲ့ ငမြောင်ကျေးရွာက ရာအိမ်မှူးတို့ လစာထုတ်ပြီး ဆိုင်ကယ်နဲ့ ရွာကိုပြန်လာစဉ် သေနတ်နဲ့ ပစ်ခတ်ခံရပြီး နေရာတင် ပွဲချင်းပြီးသေဆုံးခဲ့တယ်လို့ မြို့ခံတွေနဲ့ PDF တပ်ဖွဲ့ဝင်တွေထံက သိရပါတယ်။

ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးလှမြင့် (အသက် ၅၀ နှစ်) နဲ့ ရာအိမ်မှူး ဦးမြင့်ဌေး (အသက် ၄၇ နှစ်) တို့ကို ဇွန် ၃၀ ရက် မနက် ၁၀ နာရီလောက်က ရန်ကုန်-ပြည်လမ်း မိုင်တိုင်အမှတ် ၁၀၁/၁၀၂ ကြားမှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ သာယာဝတီခရိုင်တပ်ရင်း ၃၈၀၂ က ထုတ်ပြန်ထားပါတယ်။

သေဆုံးသူနှစ်ဦးမှာ ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်ပြီး အရင် ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း အသတ်ခံရပြီးမှ အစားထိုး ခန့်အပ်ခံခဲ့ရတဲ့ အုပ်ချုပ်ရေးမှူးအသစ် ဖြစ်ပါတယ်။

ခရိုင်တပ်ရင်း သတင်းနဲ့ပြန်ကြားရေးတာဝန်ခံ ဗိုလ်လော်ရိန်းက “အဲ့ဒီနှစ်ယောက်စလုံးက ကြံ့ဖွတ်ကဗျ။ ပါတီစုံရွေးကောက်ပွဲ စည်းရုံးရေးတွေ ရွာဘက်ဆင်းရင် အန်အယ်လ်ဒီပါတီအဖွဲ့တွေဆို ဆဲဆိုတာ၊ နှောင့်ယှက်တာတွေ လုပ်တယ်ဗျ။ အဲ့ဒါတင်မဟုတ်ဘဲ အခု အုပ်ချုပ်ရေးမှူးဖြစ်တော့ ပိုဆိုးတယ်။ နိုင်ငံရေးနဲ့ပတ်သက်တဲ့သူဆို စစ်ကောင်စီကို ဖုန်းဆက်တိုင်ပြီး ဖမ်းခိုင်းတာ။ သူ့ကြောင့် အဖမ်းခံရတဲ့သူ များနေပြီ၊ အဲ့ဒါကြောင့် ရှင်းလင်းခဲ့တာပါ” လို့ ပြောပါတယ်။

မင်းလှမြို့ခံတဦးက “သေနတ်သံကြားလိုက်တာ သွားကြည့်တော့ နှစ်ယောက်လုံးသေနေပြီ။ အဲ့ဒီအုပ်ကြီးကလည်း နာမည်ထွက်နေတာ၊ သူ့ရှေ့က အရင်တယောက်လည်း အခုလို သတ်ခံရဘူးတယ်။ အလောင်းတွေကို ကယ်ဆယ်ရေးအဖွဲ့တွေ သယ်သွားပြီ။ အစစ်အဆေးတွေ လမ်းပိတ်ပြီး လုပ်နေကြတယ်” လို့ ပြောပါတယ်။

သေဆုံးသွားတဲ့ အုပ်ချုပ်ရေးမှူးဆီမှာ စစ်ကောင်စီထံက ရရှိထားတဲ့ ပစ္စတိုသေနတ် ပါရှိပေမဲ့ အဝေးပြေးလမ်းမကြီးပေါ်မှာ တိုက်ခိုက်ခဲ့ရတဲ့အတွက် လုံခြုံရေးအခြေအနေအရ ဖုန်းနဲ့ ငွေသားတချို့ကိုသာ သိမ်းဆည်းနိုင်ခဲ့တယ်လို့ သိရပါတယ်။

အခုနှစ် ဇန်နဝါရီ ၂၉ ရက်ကလည်း မင်းလှမြို့နယ် ငလှစမ်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်း ဖဲဝိုင်းမှာရှိနေစဉ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပြီး သေဆုံးခဲ့ပါတယ်။

Photo Cj

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013