DVB Logo
Home
မြန်မာသတင်း
ကန့်ဘလူတွင် ပျူစစ်သင်တန်းမတက်ပါက အိမ်နှင့် လယ်သိမ်းမည်ဟု မဘသ ဘုန်းကြီးခြိမ်းခြောက်
DVB
·
June 30, 2023
ကန့်ဘလူတွင် ပျူစစ်သင်တန်းမတက်ပါက အိမ်နှင့် လယ်သိမ်းမည်ဟု မဘသ ဘုန်းကြီးခြိမ်းခြောက်
Donate to DVB

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်း ပျူစောထီး စစ်သင်တန်းအတွက် လူမပေးရင် အိမ်နဲ့လယ်ယာမြေတွေကို သိမ်းမယ်လို့ စစ်ကောင်စီ လက်နက်ထောက်ပံ့ထားတဲ့ စစ်တပ်လက်အောက်ခံ ဘုန်းကြီး ဝါသဝနဲ့ ပျူ စောထီးတပ်ဖွဲ့ဝင်‌တွေက ဇွန်လ ၂၃ ရက်နေ့ အစည်းအဝေးမှာ ခြိမ်းခြောက် အကျပ်ကိုင်‌ပြောဆိုခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ် ။

"ရေကြည်ရွာစာသင်ကျောင်းမှာ တစ်အိမ် တစ်ယောက် မတက်မနေရပုံစံနဲ့ ၂၃ ရက်နေ့က အစည်းအဝေးလုပ်ပြီး ရွာအလိုက် လူအယောက် ၂၀ ကနေ ၃၀ အထိ ပျူစောထီးသင်တန်း တက်ရမည်လို့ ဝါသဝ ကိုယ်တိုင်က ပြောဆိုခဲ့တာပါ

ခေါသန္တီရွာကို အယောက် ၃၀ တဲ့ အဲဒါ ဝါသဝ က မိုက်ကြီးနဲ့ အော်ဆဲနေတာ အကုန်လုံး PDF ထဲ ဝင်မှာလားလို့ မေးတော့ ဝင်ပါဘူးလို့ ပြန်ပြောကြတာ။ အဲဒါဆို ပျူထဲကို ဝင်လို့ ပြောတယ်။ အကုန်လုံးက တိတ်ကုန်ကြတယ်။

ရွာကနေ ထွက်သွားတယ်ဆိုလို့ရှိရင် အိမ်တွေ လယ်တွေအကုန်လုံး၊ လယ်တွေအကုန်လုံး သိမ်းမှာ ၅ ရက်နေ့ နောက်ဆုံးလို့ ပြောတယ်။ ၅ ရက်က မနက်ဖြန်၊ သဘက်ခါဆို ပြည့်မှာ။ ရွာကလူတွေ ခေါင်းတောက်နေကြတယ်။ ရေကြည်က အရှေ့ရေကြည်၊ အနောက်ရေကြည် နှစ်ခုရှိတာ။ အုတ်ဖိုကလူအယောက် ၂၀၊ အုန်းတောကအယောက် ၂၀၊ ခေါသန္တီ လူအယောက် ၃၀ အဲဒီလို ပြောတယ် " လို့ လုံခြုံရေးအရ အမည်မဖေါ်လိုသူ ဒေသခံတစ်ဦးက DVB ကိုပြောပါတယ် ။

အဆိုပါ အစည်းအဝေးကို အတင်းအဓမ္မ ဖိအားပေးတက်ခိုင်းပြီး မတက်တဲ့အိမ်တွေကို ငွေ ၁၀၀၀၀ (တစ်သောင်းကျပ်) ဒဏ်ရိုက်မယ်လို့ ခြိမ်းခြောက်ပြောဆိုခဲ့တယ်။

သင်တန်းအတွက် လူပေးရမယ့်ကျေးရွာတွေမှာ ရေကြည် (အရှေ့)၊ ရေကြည် (အနောက်)၊ အုပ်ဖို၊ ခင်သာနဲ့ အုန်းတောရွာတွေက ၂၀ ယောက်ဆီ၊ ခေါသန္တီရွာက ၃၀ ယောက် ပေးရမယ်။ အတင်းအဓမ္မ လူစုဆောင်းဖို့ အစည်းအဝေးပြုလုပ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ် ။

စစ်တပ်လက်အောက်ခံ ပျူစောထီးနဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေဌာ‌နေ ပြည်သူ့စစ်တပ်ဖွဲ့တွေက အတင်းအဓမ္မ လူသစ်စုဆောင်းကာစစ်သင်တန်းတက်ခိုင်းပြီး လူစုဆောင်းခြင်းတွေ ဆက်တိုက်လုပ်ဆောင်နေရာ တချို့ကျေးရွာ ဒေသတွေမှာ မဲနှိုက် ရွေးချယ်ပြီး မဲပေါက်သူက သင်တန်းတက်ရပြီး မဲမပေါက်သူတွေ ၁ အိမ်ကို ၁ လ ဘယ်လောက်ဆိုတာ သတ်မှတ်ပြီး ပိုက်ဆံပေးရတယ် တော်လှန်ရေးနဲ့ နီးစပ်သူကပြောပါတယ် ။

ဒေသတွင်း တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးက "သူတို့(အကြမ်းဖက်စစ်တပ်)မှာ လူအင်အား တော်တော်လိုအပ်နေပုံရတယ် နေရာဒေသအတော်များများမှာ အတင်းအဓမ္မ လူသစ်စုဆောင်းနေရတယ် သူတို့မှာစစ်သားက အလျှော့ပဲရှိပြီး အဝင်မရှိတော့ဘူး " လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ စတုတ္ထပတ်အတွင်းကလည်း ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်ထဲက တင်းတိမ်ရံ၊ မြနှင်းကုန်း၊ အင်းကောင်းနဲ့ ပိုးဇာကုန်းရွာတွေက ဒေသခံတချို့ကို မဲနှိုက်ရွေးချယ်ပြီး စစ်သင်တန်း တက်ခိုင်းခဲ့ပြီး သင်တန်းတက်ခိုင်းတာကို လယ်လှရွာက ပျူစောထီးခေါင်းဆောင်က လုပ်ဆောင်နေတာဖြစ်ပြီး မဲပေါက်ပြီး သင်တန်းမတက်ချင်ရင် ၈၅ သိန်း ပေးရမယ် မဲမပေါက်တဲ့ အိမ်တွေက လစဉ်ကြေးပုံစံ ၁ လ ၁ သိန်းကောက်ယူတယ်လို့ ဒေသခံတွေကဆိုပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013