
လုံခြုံရေးတင်းကျပ်မှုတွေရှိနေတဲ့ ရန်ကုန်မြို့က တံတားတခုပေါ်မှာ “ငါတို့အလှည့်လာပြီ” စာတန်းပါတဲ့ချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်တဲ့ တော်လှန်ရေးအင်အားစုတွေက ဒီနေ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
Kyimyindaing Networks (KMD18) နဲ့ Mayangone Democratic Front (MDF) တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းပြီး တော်လှန်ရေးတိုက်စစ် အရှိန်မြှင့်လှုံ့ဆော်မှုနဲ့ အကြမ်းဖက်စစ်တပ် ဆန့်ကျင်ရေး အာဏာဖီဆန် တော်လှန်ပုန်ကန် လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာလို့ သိရပါတယ်။
“လက်ရှိအခြေအနေဟာ ‘မပြီးသေးဘူး ငါတို့အလှည့်ကျန်သေးတယ်’ ဆိုတဲ့အဆင့်ကနေ ရန်သူကို ‘သတိထား ငါတို့အလှည့်လာပြီ’ စတဲ့ ဘက်ပေါင်းစုံကနေ ညာသံပေး တိုက်စစ်ဖွင့်နေကြပြီဆိုတော့ ပြည်သူအားလုံးရဲ့ လွတ်လပ်ရေး၊ တရားမျှတမှုနဲ့ နိုင်ငံတော်ရဲ့ အခွင့်အာဏာကို ပြန်လည်ရယူနိုင်တော့မှာ ဖြစ်တယ်” လို့ Mayangone Democratic Front (MDF) အသိပေး ပြောဆိုထားပါတယ်။
ပြည်သူလူထုအနေနဲ့လည်း တော်လှန်ရေးအင်အားစုတွေနဲ့ လက်တွဲပူးပေါင်းပါဝင်ပြီး စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ ဆက်လက် အင်တိုက်အားတိုက် အတူတူရုန်းကြဖို့ တိုက်တွန်းနှိုးဆော်ထားပါတယ်။











