DVB Logo
Home
မြန်မာသတင်း
ဒီ​ပဲယင်းတွင် S&C အဖွဲ့က အခမဲ့ဆေးခန်း ဖွင့်လှစ်
DVB
·
June 28, 2023
ဒီ​ပဲယင်းတွင် S&C အဖွဲ့က အခမဲ့ဆေးခန်း ဖွင့်လှစ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ S&C စစ်ဘေး မီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့က ဇွန် ၁၈ ရက်က အခမဲ့ဆေးကုသခန်း ဖွင့်လှစ်ခဲ့ပြီး ဒီပဲယင်းမြို့နယ် အပါအဝင် ရွှေဘိုမြို့နယ်၊ အရာတော်မြို့နယ်ရှိ ကျေးရွာ ၃၀ လောက်က ဒေသခံတွေ လာရောက်ဆေးကုသနေကြပါတယ်။

အခမဲ့ဆေးကုသခန်းအတွင်း CDM ဆရာဝန် ၂ ဦး အပါအဝင် သူနာပြုဆရာမ ၁၀ ဦးနဲ့ ဆေးကုသပေးနေတာဖြစ်ပြီး အများစုမှာ ထိခိုက်ရှနာဒဏ်ရာနဲ့ ရာသီပေါ် တုပ်ကွေးဖျားနာတွေ အများဆုံး လာရောက်ပြသကြတယ်လို့ S&C စစ်ဘေး မီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။

“စစဖွင့်ဖွင့်လာပြတာကိုက လူ ၂၀ အထက်ပေါ့၊ အခမဲ့ဆေးပေးခန်းကလည်း ရှိတော့ရှိတယ်၊ အရင်ကလည်း ရှိတော့ရှိပေမဲ့ ဆေးမြီးတိုနဲ့ ကုတဲ့ပုံစံမျိုးလောက်ပဲ၊ အခုလို ဖွင့်လိုက်တော့ တရက်တရက်ကို လူ ၂၀ ဝန်းကျင်ကြီးပဲ။ ကျနော်တို့ဆီမှာကျတော့ သာမန်အနေအထားဆိုရင် အကုန်ပြလို့ရတယ်။ ဒီမှာ လာရောက်ပြသတဲ့သူတွေကလည်း ကလေးကနေ သက်ကြီးပိုင်းအထိ အရွယ်စုံပါပဲ။”

အခုလက်ရှိလည်း ဆေးခန်းအတွင်း မြွေဆိပ်ဖြေဆေးကို လုံလုံလောက်လောက် ထားရှိပေးထားပြိီး ဆေးခန်းကို နေ့လယ် ၁၂ နာရီကနေ ညနေ ၄ နာရီအထိ ဖွင့်လှစ်ပေးထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အခုနောက်ပိုင်းမှာ ​ဆေးခန်းလာရောက်ပြသသူတွေ များပြားလာတာကြောင့် လှူဒါန်းမှုမရှိဘဲ ဆေးဝါးပြတ်လပ်တာတွေ၊ ဆေးဝါးအချိန်မီ မဝယ်နိုင်တာတွေ ဖြစ်လာပြီး ဆေးခန်းလာရောက်ပြသသူတွေ အခက်အခဲဖြစ်မှာကို စိုးရိမ်မိတယ်လို့ S&C စစ်ဘေး မီးဘေး ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ တာဝန်ရှိသူ ပြောပြချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013