DVB Logo
Home
မြန်မာသတင်း
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့ပူးပေါင်းပြီး လက်လုပ်ပစ္စတို ထုတ်လုပ်
DVB
·
June 28, 2023
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ ဖွဲ့ပူးပေါင်းပြီး လက်လုပ်ပစ္စတို ထုတ်လုပ်
Donate to DVB

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ် Hero Fighter-Salingyi တိုက်ခိုက်ရေးအထူးအဖွဲ့နဲ့ Chindwin Dynamite တပ်ဖွဲ့တို့ ပူးပေါင်းပြီး လက်လုပ်ပစ္စတိုအမျိုးအစားကို ထုတ်လုပ်အောင်မြင်ထားပြီလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေ ဆီက သိရပါတယ်။

အချိန်ကာလအားဖြင့် အတော်ကြာ အားယူခဲ့ရပြီး ဇွန် ၂၇ ရက်မှာ ၉ မမ ကျည်အမျိုးအစား၊ ကျည်အိမ်ထည့်သွင်း ပစ်ခတ်လို့ရတဲ့ သေနတ်အမျိုးအစားကို ထုတ်လုပ်အောင်မြင်လိုက်တာလို့ Hero Fighter-Salingyi တိုက်ခိုက်ရေးအထူးအဖွဲ့ခေါင်းဆောင် ဗိုလ်သူရိန်က ဒီဗွီဘီကို ပြောပါတယ်။

“ဒီနေ့မှာပဲ ချပြလိုက်တာ ဖြစ်ပါတယ်ခင်ဗျ။ ၉ မမ ကျည်အမျိုးအစား ထည့်သွင်းပစ်ခတ်လို့ ရတဲ့ ပစ္စတိုပါ။ ကျည်အိမ်ပါတယ်ဗျ၊ အဆင့်ဆင့်လည်း စမ်းသပ်ပြီးဖြစ်ပါတယ်ဗျ။ ၁ လက် ကုန်ကျစရိတ် အနေနဲ့က ၇ သိန်းလောက်ပဲရှိတော့ သက်သာတယ်တော့ ပြောလို့ရပါတယ်။ အစစ်အတိုင်း ထွင်ထားတာပါ။”

Hero Fighter-Salingyi တိုက်ခိုက်ရေးအထူးတပ်ဖွဲ့က အရင်က AK 47 နဲ့ ပုံစံတူကို မောင်းပြန်ရိုင်ဖယ်အဖြစ် ထုတ်လုပ်အောင်မြင်ထားပြီး ဆားလင်းကြီးမြို့က လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျူးလွန်နေတဲ့ စစ်ကောင်စီတပ်တွေကို ပြောက်ကျားစနစ်နဲ့ တိုက်ခိုက်နေတာ ဖြစ်ပါတယ်။

ဇွန် ၉ ရက်က ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းကို ပြည်သူ့ကာကွယ်ရေး တပ်ပေါင်းစုတွေ ဝင်ရောက်စီးနင်းခဲ့တဲ့ဖြစ်စဥ် ဖြစ်ပွားအပြီးမှာ စစ်ကောင်စီတပ်ကနေ ကျေးရွာတွေကို လေကြောင်းသုံး ပစ်ခတ်တာ၊ မြေပြင်စစ်ကြောင်းတွေက ဝင်ရောက်ကာ အကြမ်းဖက် မီးရှို့သတ်ဖြတ်တာတွေ ပြုလုပ်နေပြီး စီးနင်းခံရတဲ့ ညောင်ပင်ကြီး ရဲစခန်းကိုလည်း အသစ်တိုးချဲ့ဆောက်လုပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ အနေနဲ့ စစ်ကောင်စီတပ်တွေကို တိုက်ခိုက်ဖို့ လက်နက်ခဲယမ်း အခက်အခဲ ရှိနေတဲ့အတွက် ဝိုင်းဝန်းကူညီ ထောက်ပံ့ပေးကြဖို့လည်း Hero Fighter-Salingyi တိုက်ခိုက်ရေးအထူးတပ်ဖွဲ့ ခေါင်းဆောင်က မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013