DVB Logo
Home
Lead Story
ရာသီဥတု ဖောက်ပြန်မှုဟာ ကုန်ဈေးနှုန်းတက်စေပါတယ် (ဆောင်းပါး)
DVB
·
June 28, 2023
ရာသီဥတု ဖောက်ပြန်မှုဟာ ကုန်ဈေးနှုန်းတက်စေပါတယ် (ဆောင်းပါး)
Donate to DVB

မိုးရွာသွန်းမှုပုံစံတွေ ပြောင်းလဲပြီး အပူချိန်‌တွေ တိုးလာတာကြောင့် ကမ္ဘာ့နေရာ အများအပြားမှာ ကောက်ပဲသီးနှံတွေအတွက် မသင့်လျော်တဲ့အတွက် ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဟာ ကမ္ဘာ့ငတ်မွတ်ခေါင်းပါးမှုကို ပိုမိုဆိုးရွားစေမယ်လို့ စိုက်ပျိုးရေး ပညာရှင်တွေက ကာလရှည်ကြာ ခန့်မှန်းထားပါတယ်။

သုတေသနအသစ်အရ ကမ္ဘာကြီး ပူနွေးလာမှုဟာ အစားအသောက်ဈေးနှုန်းတွေကို မြင့်တက်လာစေပြီး လာမယ့်နှစ်တွေမှာ ငွေကြေးဖောင်းပွမှုကို သိသိသာသာ တွေ့ရှိရမယ်လို့ အကြံပြုထားပါတယ်။

European Central Bank နဲ့ Potsdam Institute for Climate Impact Research က သုတေသီ‌တွေ လုပ်ဆောင်တဲ့ စာတမ်းတခုမှာ ရာသီဥတုဖောက်ပြန်မှုဟာ အရင်က ငွေကြေးဖောင်းပွမှုကို ထိခိုက်ခဲ့ပုံနဲ့ ကမ္ဘာကြီးပူနွေးလာမှုအပေါ် အကျိုးသက်ရောက်မှုတွေကို အဖြေရှာဖို့ သမိုင်းဝင်ဈေးနှုန်းအတက်အကျတွေကို ရာသီဥတုဆိုင်ရာ အချက်အလက်တွေနဲ့ အတူ ခွဲခြမ်းစိတ်ဖြာခဲ့ပါတယ်။

ရာသီဥတုပြောင်းလဲမှုဟာ အစားအသောက်ဈေးနှုန်းတွေနဲ့ ငွေကြေးဖောင်းပွမှုကို တွန်းအားဖြစ်‌စေတယ်လို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ကမ္ဘာကြီးပူနွေးလာမှုကြောင့် ၂၀၆၀ ခုနှစ်မှာ အစားအစာဈေးနှုန်း ၀ ဒသမ ၆ ကနေ ၃ ဒသမ ၂ ရာခိုင်နှုန်းကြား တိုးလာစေမယ်လို့ ခန့်မှန်းထားကြောင်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ငွေကြေးဖောင်းပွမှုဟာ လူသားတွေရဲ့ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်ပြီး ရာသီဥတု ဖောက်ပြန်မှုက ထိခိုက်ပျက်စီးမှုကို တားဆီးနိုင်တဲ့အပေါ် မူတည်မှာဖြစ်ပါတယ်။ ဒါပေမဲ့ ကမ္ဘတဝန်းလုံးက ပါရီသဘောတူညီချက် ရာသီဥတုဦးတည်ချက်တွေနဲ့ ပြည့်မီတဲ့ အကောင်းဆုံး ဖြစ်ရပ်တခုမှာ‌တောင် စားနပ်ရိက္ခာဖောင်းပွမှု မြင့်တက်လာမယ်လို့ သုတေသီတွေက မျှော်လင့်ထားပါတယ်။

“ငွေဖောင်းပွမှုဟာ အပူချိန်မြင့်တက်လာတဲ့အခါ နွေရာသီနဲ့ ပူပြင်းတဲ့ဒေသတွေမှာ အပြင်းထန်ဆုံး ဖြစ်တတ်တယ်” လို့ စာတမ်းရဲ့ ပထမဆုံး စာရေးဆရာနဲ့ Potsdam Institute for Climate Impact Research က သိပ္ပံပညာရှင် မက်ဆီမီလီရန်ကော့ဇ်က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ကမ္ဘာကြီးပူနွေးလာမှုဟာ သီးနှံတွေကို နည်းလမ်းများစွာနဲ့ အကျိုးသက်ရောက်စေပါတယ်။ အပူချိန် ၈၆ ဒီဂရီဖာရင်ဟိုက်အထိ ရောက်ပြီးနောက် ပူနွေးတဲ့နိုင်ငံတွေက အဓိကသီးနှံဖြစ်တဲ့ ပြောင်းဖူးအထွက်နှုန်းဟာ သိသိသာသာ ကျဆင်းသွားပါတယ်။ NASA က သုတေသီတွေရဲ့ ၂၀၂၁ ခုနှစ် လေ့လာမှုတခုအရ ရာစုနှစ်အကုန်မှာ ကမ္ဘာ့ပြောင်းဖူးအထွက်နှုန်း ၂၄ ရာခိုင်နှုန်း ကျဆင်းသွားနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။

တိရစ္ဆာန်အစာအတွက် အများစုအသုံးပြုတဲ့ ဆန်နဲ့ ပဲပိစပ်တွေက အထွက်နှုန်း ကျဆင်းသွားပေမဲ့ သိသိသာသာတော့ မဟုတ်ဘူးလို့ သဘာဝပတ်ဝန်းကျင်ကာကွယ်ရေး ရန်ပုံငွေအဖွဲ့က အစီရင်ခံစာတခုအရ သိရပါတယ်။

ဆင်းရဲတဲ့နိုင်ငံတွေက စျေးနှုန်းကြီးမြင့်မှုရဲ့ သက်ရောက်မှုကို ပိုမိုခံစားရနိုင်ပေမဲ့ နိုင်ငံအားလုံးဟာ ရာသီဥတု လောင်စာကြောင့် ငွေကြေးဖောင်းပွမှုဒဏ်ကို ခံရလိမ့်မယ်လို့ သုတေသီတွေက ပြောကြားခဲ့ပါတယ်။

ဆယ်စုနှစ်တခုကျော်အတွင်း ငွေကြေးဖောင်းပွမှုဟာ ဓာတ်ငွေ့ထုတ်လွှတ်မှု လျှော့ချနိုင်တဲ့ အကောင်းဆုံး အခြေအနေမှာ အမေရိကန် အစားအစာစျေးနှုန်းတွေဟာ ၀ ဒသမ ၄ ရာခိုင်နှုန်းကနေ ၂ ဒသမ ၆ ရာခိုင်နှုန်းအထိ တိုးလာမယ်လို့ ခန့်မှန်းထားပါတယ်။

ဓာတ်ငွေ့ထုတ်လွှတ်မှု မြင့်မားတဲ့အခြေအနေမှာတော့ ငွေကြေးဖောင်းပွမှု သက်ရောက်မှုဟာ ၂၀၃၅ ခုနှစ်မှာ ၃ ဒသမ ၃ ရာခိုင်နှုန်းအထိ မြင့်မားနိုင်ပြီး ၂၀၆၀ ခုနှစ်မှာ ၇ ရာခိုင်နှုန်းအထိ ရှိနိုင်ပါတယ်။

မက်ဆီမီလီရန်ကော့ဇ်က “စီးပွားရေးကျဆင်းမှု၊ စစ်ပွဲတွေနဲ့ မူဝါဒ စတဲ့ အခြားအကြောင်းတရားတွေက သက်ရောက်မှုတွေဟာ အမှန်တကယ် အနာဂတ်ငွေကြေးဖောင်းပွမှုနှုန်းကို ကွဲပြားသွားစေတယ် ဆို‌ပေမဲ့ ဒီအချက်တွေဟာ ကမ္ဘာကြီးပူနွေးလာမှုကို အခြေခံပြီး ဖြစ်လာမယ့် ငွေဖောင်းပွမှု ဖိအားပမာဏ‌တွေပါ” လို့ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါမဖြစ်ခင် ဆယ်စုနှစ် ၂ ခုအတွင်း အမေရိကန် စားသောက်ကုန် ဈေးနှုန်း‌တွေဟာ တနှစ်ကို ၂ ရာခိုင်နှုန်းကနေ ၃ ရာခိုင်နှုန်းခန့်အထိ မြင့်တက်ခဲ့ပေမဲ့ နှစ်စဉ် အစားအစာ ငွေကြေးဖောင်းပွမှုဟာ ၂၀၂၂ နွေရာသီက ၁၁ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့ပါတယ်။

ဥရောပသမဂ္ဂမှာ ရာသီဥတုဖောက်ပြန်မှုဟာ စားနပ်ရိက္ခာ ကုန်ကျစရိတ်ကို တွန်းအားပေးနေပြီလို့ သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ ပြီးခဲ့တဲ့နွေရာသီမှာ ထပ်ခါတလဲလဲ အပူလှိုင်းတွေက တိုက်ကြီးရဲ့ မြစ်တွေကို ခန်းခြောက်စေကာ အဓိက သင်္ဘောလမ်းကြောင်းတွေနဲ့ လယ်မြေတွေကို ပျက်စီးစေပါတယ်။

ယူကရိန်းမှာ ရုရှားရဲ့စစ်ပွဲကြောင့် ဂျုံဈေးတက်တဲ့ တချိန်တည်းမှာပဲ ဥရောပမှာ သီးနှံပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရာသီဥတုလွန်ကဲမှုကြောင့် ဥရောပအစားအစာစျေးနှုန်း‌ တွေဟာ ၀ ဒသမ ၆၇ ရာခိုင်နှုန်းအထိ တက်လာခဲ့တာကို သုတေသီတွေက တွေ့ရှိခဲ့ပါတယ်။ အီတလီမှာလည်း ခေါက်ဆွဲစရိတ်တွေ မြင့်တက်လာတာကြောင့် ခေါက်ဆွဲဈေး မြင့်တက်လာပါတယ်။

ဥရောပက ၂၀၂၂ နွေရာသီရဲ့ အပူလွန်ကဲမှုဟာ အပူနဲ့ မိုးခေါင်မှု ပေါင်းစပ်ပြီး စိုက်ပျိုးရေးနဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ်  ကျယ်ကျယ်ပြန့်ပြန့် အကျိုးသက်ရောက်စေတဲ့ ထင်ရှားတဲ့ ဥပမာတခု ဖြစ်ပါတယ်လို့ သုတေသီတွေက ရေးသားဖော်ပြထားပါတယ်။

လီလီ

Ref: CBSNews- How climate change is raising the cost of food?

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013