DVB Logo
Home
မြန်မာသတင်း
မုံရွာ ကညနရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
DVB
·
June 28, 2023
မုံရွာ ကညနရုံး၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်က ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် အင်အား ၁၇ ဦးခန့်ရှိ တပ်ဖွဲ့ကို ပြည်သူ့ကာကွယ်ရေးတပ်တွေက ထိုးဖောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ကူတွေ အများအပြား လာရောက်တာကြောင့် စခန်းမသိမ်းလိုက်နိုင်ဘူးလို့ ပြည်သူ့ကာကွယ်ရေးတပ်တွေဆီက သိရပါတယ်။

ဇွန် ၂၄ ရက် ညနေ ၆ နာရီလောက်က စတင်ကာ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄ နဲ့ ပူးပေါင်းကာကွယ်ရေးတပ်တွေ မုံရွာ ကညနရုံးကို ထိုးဖောက်တိုက်ခိုက်ခဲ့ကာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၅ ဦးလောက် သေဆုံးသွားတယ်လို့ Chindwin Attack Force ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“လိုင်းမရလို့ အခုမှ ထုတ်ပြန်ရတာခင်ဗျ။ တကယ်က စခန်းသိမ်းဖို့သွားတာ၊ သူတို့ဘက်က တပ်ကူစစ်ကြောင်းတွေ ရာနဲ့ချီပြီး လိုက်လာလို့ ပြန်ဆုတ်ခဲ့ရပါတယ်။ ၁၅ ယောက်လောက် သေဆုံးတာက မျက်မြင်ပါ၊ အဲ့ထက်ပိုများနိုင်တယ်ဗျ။ တပ်ကူက ရေဦး၊ နမခတိုင်းရုံးတွေက အစုံကိုလာတာဗျ။ ပထမသတင်းရတာက အဲ့နေရာမှာက ၈ ယောက်အောက်ပဲရှိတာ၊ ဘယ်က ဘယ်လို ထပ်တိုးထားလဲမသိဘူး။ ကျနော်တို့မျက်မြင်သေတာကို ၁၅ ယောက်ကျော်တယ်ဗျ။ ဒီကောင်တွေဘက်က လက်နက်ကြီးပစ်ကူတွေလည်းပါတော့ ပြန်ဆုတ်လာရတယ်။”

တိုက်ခိုက်မှုအပြီး အထိနာခဲ့တဲ့ စစ်ကောင်စီတပ်က ကားကြီးကွင်းအနောက်ဘက် အုတ်စက်တောင်ဘက်ရှိ ပြည်သူ့တဲအိမ်နှစ်လုံးနဲ့ ကွမ်းခြံကို မီးရှို့ဖျက်ဆီးခဲ့ကြလို့ ပြည်သူလူထုရဲ့ ဆုံးရှုံးမှုတွေအတွက် အနူးအညွတ်တောင်းပန်ကြောင်း ဆက်ပြောပါတယ်။

မုံရွာမြို့ခံတဦးက “အုတ်လုပ်တဲ့ရပ်ကွက်တွေဘက် မီးရှို့ကြတယ်လို့ ကြားတာ။ ကျနော်တို့နားလေးတင်၊ ပြီးကာမှ ပစ်ကြတာ၊ မိနစ်လေးဆယ်လောက်ရှိမယ်။ အိမ်တွေလည်းတုန်၊ ပြေးတဲ့အိမ်တွေကလည်း သူတို့ဘေးလွတ်မယ့်နေရာတွေ ပြေးကြတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။အဆိုပါတိုက်ပွဲတွေကို မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း-၄ အထူးကွန်မန်ဒိုတပ်ဖွဲ (Monywa The Boys) နဲ့ မုံရွာခရိုင် တပ်ရင်း-၅၊ မုံရွာခရိုင် တပ်ရင်း-၇၊ မုံရွာခရိုင် တပ်ရင်း-၁၂၊ မုံရွာခရိုင် တပ်ရင်း-၂၂၊ မုံရွာခရိုင် တပ်ရင်း-၂၅၊ မုံရွာခရိုင် တပ်ရင်း-၂၈၊ ယင်းမာပင်ခရိုင် တပ်ရင်း-၂၈ နဲ့ မြန်မာ့တော်ဝင်နဂါးတပ်မတော် (MRDA) တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က အထိအခိုက်မရှိ ပြန်ဆုတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (Chindwin Attack Force) ရဲ့ ထုတ်လုပ်ရေးစခန်းတခုက ဂက်စ်မတော်တဆမှုကြောင့် ဇွန် ၁၉ ရက်က မီးလောင်ကျွမ်းခဲ့ပြီး တိုက်ပွဲတွေဆက်နေတာကြောင့် လက်နက်ခဲယမ်းဖိုးတွေ ဝိုင်းဝန်းထောက်ပံ့ပေးဖို့ မေတ္တာရပ်ခံထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013