DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်ခေါင်းဆောင်က ရုရှားသံအမတ်ကို ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်
DVB
·
June 27, 2023
မြန်မာစစ်ခေါင်းဆောင်က ရုရှားသံအမတ်ကို ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်
Donate to DVB

အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မြန်မာနိုင်ငံဆိုင်ရာ ရုရှား သံအမတ်ကြီး ဒေါက်တာနီကိုလိုင်း လစ်စတိုပါဒေါ့ဗ်ကို စွမ်းဆောင်ရည်ဆိုင်ရာ ဂုဏ်ထူးဆောင်ဘွဲ့ဖြစ်တဲ့ ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းကြောင်း ဇွန် ၂၆ ရက်မှာ ကြေညာပါတယ်။ 

မြန်မာနိုင်ငံနဲ့ ရုရှားဖက်ဒရေးရှင်းနိုင်ငံတို့အကြား ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ခဲ့တဲ့အတွက် ခုလို ဆုပေးအပ်ချီးမြှင့်တာလို့ ဆိုပါတယ်။

သံအမတ်ကြီး ဒေါက်တာ နီကိုလိုင်း လစ်စတိုပါဒေါ့ဗ်ဟာ မြန်မာနိုင်ငံရှိ ရုရှားသံရုံးမှာ ၁၉၈၃ ခုနှစ်မှ ၁၉၈၆ ခုနှစ်အထိနဲ့ ၁၉၉၀ ပြည့်နှစ်မှ ၁၉၉၄ ခုနှစ်အထိ တာဝန်ထမ်းခဲ့ဖူးပြီး မြန်မာနိုင်ငံဆိုင်ရာ ရုရှားသံအမတ်ကြီးအဖြစ် ၂၀၁၆ ခုနှစ်၊ အောက်တိုဘာက စတင်တာဝန်ထမ်းဆောင်ခဲ့တာလို့ ဆိုပါတယ်။

သံအမတ်ကြီးဟာာ မြန်မာဘာသာစကားကို ကျွမ်းကျင်စွာ ပြောနိုင်၊ ရေးနိုင်သူ တစ်ဦးလည်းဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးကို ပိုမိုနီးကပ်အောင် တည်ဆောက်ပေးနိုင်ခဲ့သလို မြန်မာနိုင်ငံမှာ သံတမန်အဖွဲ့ နာယက တာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ခဲ့သူလို့ဆိုပါတယ်။

ဒါ့ပြင်  ဗုဒ္ဓစာပေတွေကို ရုရှားဘာသာနဲ့ ရေးသား ပြန့်ပွားအောင် ဆောင်ရွက်ခဲ့သူဖြစ်ပြီး စစ်ကောင်စီနဲ့ ရုရှားဆက်ဆံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေး ပိုမိုနီးကပ်ခိုင်မာအောင်တည်ဆောက် စွမ်းဆောင်နိုင်ခဲ့သူလို့ စစ်ကောင်စီ ပြန်ကြားရေးက သတင်းထုတ်ပြန်ပါတယ်။

ယူကရိန်ကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားနဲ့ မြန်မာနိုင်ငံမှာ တရားမဝင် အာဏာလုယူထားတဲ့ စစ်ကောင်စီတို့ကို နိုင်ငံတကာအသိုက်အဝန်းက ဝိုင်းဝန်းဖယ်ကြဉ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ ပြုလုပ်နေချိန်မှာ ရုရှားနဲ့  မြန်မာစစ်ကောင်စီတို့ ပိုမိုနီးကပ်စွာ ဆက်ဆံနေကြတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပုံမှန်အားဖြင့် အခုလို ဘွဲ့တံဆိပ်တွေကို မြန်မာ့လွတ်လပ်ရေးနေ့လို အခါသမယတွေမှာ ပေးအပ်လေ့ရှိတာဖြစ်ပေမဲ့ ရုရှားသံအမတ်ကိုတော့ အခုလိုအချိန်မှာ သီးခြားပေးအပ်တာ ဖြစ်ပါတယ်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ စစ်တပ်ရဲ့ အကျိုးစီးပွားကို ထောက်ခံအားပေးနေတဲ့ နယ်ပယ်ပေါင်းစုံက ပုဂ္ဂိုလ်တွေကို   ဆုတံဆိပ်တွေ ခပ်ပေါပေါများများ ပေးအပ်နေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013