DVB Logo
Home
မြန်မာသတင်း
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး MNDAA ထံ လက်နက်ဖြင့် အလင်းဝင်
DVB
·
June 27, 2023
စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး MNDAA ထံ လက်နက်ဖြင့် အလင်းဝင်
Donate to DVB

မန္တလေးတိုင်း၊ သာစည်မြို့အခြေစိုက် စစ်ကောင်စီ တပ်မ ၉၉ လက်အောက်ခံ ခမရ ၄၁၉ က တပ်သားတယောက် လက်နက်ခဲယမ်းတွေနဲ့အတူ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်-ကိုးကန့် (MNDAA) ထံ အလင်းဝင်ရောက်လာခဲ့တယ်လို့ The Kokang က ထုတ်ပြန်ထားပါတယ်။

ဇွန် ၂ဝ ရက်နေ့မှာ ခမရ ၄၁၉ က တပ်သား သန်းထိုက်အောင်ဟာ MA-1 မောင်းပြန်သေနတ်တလက်၊ MA-1 ကျည်အိမ် ၁ ခု၊ ၅.၅၆ အမျိုးအစား ကျည် ၁၈၆ တောင့်၊ လက်ပစ်ဗုံး ၁ လုံးတို့နဲ့အတူ MNDAA ကို အလင်းဝင်ရောက်လာတာဖြစ်ပြီး ရှမ်းပြည်နယ်အထူးစစ်ဒေသ ၁ မုံးကိုးခရိုင်အုပ်ချုပ်ရေးအဖွဲ့ကနေ လက်ခံကြိုဆိုခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၅ ရက်မှာ အဆိုပါ အလင်းဝင်ရောက်လာတဲ့ တပ်သား သန်းထိုက်အောင်ကို ဂုဏ်ပြုငွေအဖြစ် ငွေကျပ် သိန်း ၂ဝ ပေးအပ်ခဲ့ပြီး တပ်စိတ်မှူးအဆင့် ရာထူးပေးအပ်ခဲ့တယ်လို့ MNDAA က ပြောပါတယ်။

တပ်သား သန်းထိုက်အောင်က “အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ထဲမှာ လက်အောက်ငယ်သားတွေကို အမြဲ ရိုက်နှက် ဆဲဆိုမှု ပြုပါတယ်။ အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကို မျက်စိဆံပင်မွေးစူးတဲ့အတွက်ကြောင့် ကိုးကန့် MNDAA ဟာ တရားမျှတတဲ့အဖွဲ့ ဖြစ်တယ်လို့ စနည်းနာပြီး အလင်းဝင်ရောက်ခဲ့တာ ဖြစ်တယ်” လို့‌‌ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၁၅ ရက်ကလည်း စစ်ကောင်စီ ခလရ ၁၂၈ မှ တပ်သားအဆင့်တဦး MNDAA ထံ အလင်းဝင်ရောက်ခဲ့ပြီး လက်ရှိအချိန်အထိ MNDAA အနေနဲ့ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ဝ ဦးထက်မနည်းကို လက်ခံစောင့်ရှောက်ထားပြီး စစ်ကောင်စီတပ်သားတွေအနေနဲ့ အမြန်ဆုံး အလင်းဝင်ရောက်ကြဖို့လည်း တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013