DVB Logo
Home
မြန်မာသတင်း
ပင်လောင်းတွင်  ကျောက်မီးသွေးစွန့်ပစ်မြေစာပုံ ပြိုကျမည်ကို ဒေသခံများ စိုးရိမ်
DVB
·
June 26, 2023
ပင်လောင်းတွင်  ကျောက်မီးသွေးစွန့်ပစ်မြေစာပုံ ပြိုကျမည်ကို ဒေသခံများ စိုးရိမ်
1 / 4
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်းမြို့နယ်၊ တီကျစ်မှာ ကျောက်မီးသွေးတူးနေတဲ့ ဧဒင်ကုမ္ပဏီမိုင်းတွင်း စွန့်ပစ်မြေစာပုံတောင်ဟာ မိုးသည်းထန်စွာ ရွာသွန်းတဲ့အခါ စိုက်ပျိုးရေးလယ်ယာခြံထဲ ပြိုကျလာမှာကို ဒေသခံတွေ စိုးရိမ်နေရပါတယ်။

ဧဒင်ကျောက်မီးသွေးမိုင်းကထွက်တဲ့ မြေစာတွေဟာ စုပုံထားရာကနေ တောင်ကြီးတခုလို မြင့်မားလာပြီး ကျေးရွာထက်မြင့်ကာ မိုးတွင်းကာလမှာ တစတစ ပြိုကျနေတာကိုလည်း အနီးဆုံးရွာတွေက စိုးရိမ်မကင်း ဖြစ်နေကြရတာပါ။

တီကျစ်နယ်ခံ အမျိုးသားတဦးက “မြေစာပုံက တနှစ်ပြီးတနှစ် ပိုမြင့်လာတယ်။ တောင်အကြီးကြီးလို ဖြစ်လာတယ်။ မိုးအရမ်းရွာရင် မြေတွေ မသိပ်ဘူးလေ၊ အဲဒါနဲ့ ပြိုကျတတ်တယ်။ အရင်နှစ်ဆို မြေစာပုံပြိုကျလို့ သီးနှံစိုက်ခင်းတွေ အများကြီး ပျက်စီးသွားတယ်။ ဒီနှစ်မိုးရာသီလည်း ဒါကိုတွေးပြီး ကြောက်နေရတာ၊ စိုက်ပျိုးထားပြီးပြီလေ” လို့ ပြောပါတယ်။

မြေစာပုံတောင်ဟာ တိုက် ၇ ထပ်ကျော်ခန့်မြင့်ပြီး တောင်ခြေအနီးတဝိုက်ဖြစ်တဲ့ သာယာကုန်း၊ လုဲင်းခါးနဲ့ တောင်ပို့လကျေးရွာရဲ့ ခြံယာ၊ လယ်ယာတွေဟာ မြေပြိုမှုထဲ တဖြည်းဖြည်းပါသွားပြီး စိုက်ပျိုးလုပ်ကိုင်ဖို့လည်း အန္တရာယ်ရှိနေပါတယ်။

“မိုင်းတွင်းကနေ မိုင်းတွေခွဲရင် မြေတွေတုန်ခါမှုဖြစ်တယ်၊ မြေတွေလည်း ပြိုကျတယ်၊ လယ်မြေ ယာမြေ ဆုံးရှုံးတယ်” လို့ သူက ဆက်ပြောပါတယ်။

မြေစာပုံအတွက် မြေနေရာဧရိယာကို ဧဒင်ကုမ္ပဏီက ဒေသခံ ခြံရှင်တွေထံမှာ ကာလပေါက်ဈေးနဲ့ မဟုတ်ဘဲ နှစ်ဖက်ညှိနှိုင်းဝယ်ယူပြီး ခြံရှင်တွေကလည်း လယ်ယာ၊ ခြံ အလကား ဆုံးရှုံးမှာကို ကြောက်လို့ ရောင်းလိုက်ရတာတွေ ရှိတယ်လို့လည်း သိရပါတယ်။

မနှစ်က မြေစာပုံပြိုကျလို့ ပျက်စီးသွားတဲ့ သီးနှံစိုက်ခင်းတွေအတွက် ကုမ္ပဏီကနေ သီးနှံစရိတ်၊ စိုက်ပျိုးရေး အရင်းအနှီး လျော်ကြေးတွေ ပြန်ပေးခဲ့ပြီး စိုက်ပျိုးလယ်ယာခြံတွေထဲ ပြိုကျခဲ့တဲ့ မြေတွေကို ဘတ်ဖိုးကားနဲ့ ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ တောင်သူတွေအတွက်တော့ စိုက်ပျိုးရေးအကျိုးအမြတ် ဆုံးရှုံးခဲ့ရတယ်လို့ တောင်သူတွေက ဆိုပါတယ်။

တီကျစ်ကျောက်မီးသွေးစက်ရုံနဲ့ အနီးတဝိုက်မှာရှိတဲ့ ကျေးရွာတွေအနေနဲ့ စက်ရုံကထွက်တဲ့ အနံ့ဆိုးတွေအပြင် ကျောက်မီးသွေးတွေ မိုးထိရင် ထွက်လာတဲ့ ညှော်နံ့က အရမ်းဆိုးတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ရေတွေဆိုရင်လည်း ပြာမှုန့်တွေရောထားသလို မသန့်ရှင်းတဲ့ ခဲရောင်ရေတွေကို သုံးစွဲနေရပြီး ကလေးငယ်တွေမှာ အရေပြားယားယံကာ ကျန်းမာရေး ထိခိုက်မှုတွေလည်း ရှိနေပါတယ်။

ကျောက်မီးသွေးသုံး ရေနွေးငွေ့လျှပ်စစ်ဓာတ်အားပေးစက်ရုံက ထွက်လာတဲ့ အညစ်အကြေးတွေကြောင့် ဒေသခံတွေရဲ့ ကျန်းမာရေးကို ဆိုးဆိုးဝါးဝါး ထိခိုက်စေတဲ့အပြင် သဘာဝပတ်ဝန်းကျင် စစ်ဆေးချက်အရ စက်ရုံအနီးက လေထုနဲ့ ရေထုဟာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က သတ်မှတ်ထားတဲ့ စံသတ်မှတ်ချက်ထက် အာဆင်းနစ် ပါဝင်မှုတွေ ၅ ဆကနေ ၂၇ ဆအထိ ကျော်လွန်နေတာကြောင့် စက်ရုံကို အပြီးပိတ်သိမ်းပေးဖို့ ဒေသခံတွေနဲ့ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေက တောင်းဆိုဆန္ဒပြခဲ့တာလည်း ရှိပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013