DVB Logo
Home
မြန်မာသတင်း
မုန်တိုင်းသင့် စစ်တွေ မေယုဈေးကို ပြုပြင်မပေးသဖြင့် ဈေးသည်များ အခက်တွေ့
DVB
·
June 26, 2023
မုန်တိုင်းသင့် စစ်တွေ မေယုဈေးကို ပြုပြင်မပေးသဖြင့် ဈေးသည်များ အခက်တွေ့
Donate to DVB

မိုခါမုန်တိုင်းကြောင့် ပြိုပျက်သွားခဲ့ရတဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့၊ ရဲနွယ်စုရပ်ကွက် လောကနန္ဒာစေတီတော် ခြံဝင်းအတွင်း ယာယီဖွင့်လှစ်ခွင့်ပေးထားတဲ့ မေယုဈေးကို May YU Complex Center တာဝန်ရှိသူတွေ ပြုပြင်ပေးခြင်းမရှိလို့ အခက်တွေ့နေရကြောင်း ဈေးသည်တွေက ပြောပါတယ်။

မေယုယာယီဈေးကဆိုင်တွေကို May YU Complex Center ဆောက်လုပ်ဖို့အတွက် လောကနန္ဒာ ဘုရားပရိဝုဏ်အတွင်းမှာ ၂၀၁၆ ခုနှစ်က ယာယီဆောက်လုပ်ပေးထားခဲ့တာပါ။ 

ဈေးသည်အမျိုးသမီးတဦးက “မတို့က May YU Complex Center ဆောက်လုပ်ဖို့ လ ၃၀ နဲ့ အပြီးစာချုပ်ချုပ်ထားတာ။ အခု အဲဒီ May Yu Complex Center ကို ဆောက်လုပ်တာ လပေါင်း ၈၀ ကျော်သွားပြီ။ ကျမတို့ဆိုင်ခန်းတွေကို မအပ်နိုင်သေးပါဘူး။ ကျမတို့ကို အခု ယာယီ မေယုဈေးမှာ မုန်တိုင်းအပြီးမှာ အာဏာပိုင်တွေက ပြန်လည်ရောင်းချခွင့်မပြုတော့ အရင်က ကျမတို့ရဲ့ မူလနေရာကို ဈေးဆိုင်နေရာကို တောင်းဆိုကြတယ်။ သူတို့က ဈေးဆိုင်တွေ မပြီးသေးဘူးလို့ အကြောင်းပြတယ်။ ဒါဆို မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ယာယီမေယုဈေးကို ပြုပြင်ပေးဖို့ ​တောင်းဆိုကြတယ်။ တာဝန်ရှိသူတွေကလည်း မုန်တိုင်းကြောင့် မအားလပ်တဲ့အတွက် ဆောင်ရွက်မပေးနိုင်ခဲ့ကြဘူး။ အခုဆို မုန်တိုင်းပြီးတာ တလ​ကျော်အထိ ဘာမှ ပြုပြင်ပေးတာ မရှိသေးတော့ ကျမတို့ အခုလို မိုးရေထဲမှာ ဈေးရောင်းနေရပါတယ်” လို့ ပြောပါတယ်။

အဆိုပါ မေယုဈေးသစ်ကြီးကို Western Shining Star Public ကုမ္ပဏီလီမိတက်က မြေဧရိယာ ၄ ဒသမ ၀၄ ဧကပေါ်မှာ ဆိုင်ခန်းစုစုပေါင်း ၂၆၈ ခန်း၊ ပင်မအဆောက်အဦဘေးမှာ လူနေအိမ် အပါအဝင် ၃ ထပ်ဆိုင်ခန်း ၈၀ ကျော် တည်ဆောက်ကာ ၃ ထပ်တဆောင်ကို သိန်း ၂,၀၀၀ မှ ၃,၀၀၀ အထိ ရောင်းချခဲ့ပြီး ကုမ္ပဏီက အမြတ်အစွန်း များစွာရရှိသွားကြပေမဲ့ မြေညီထပ်မှ ၆ ပေပတ်လည် ဆိုင်ခန်း ၁၄၄ ခန်းကို ၈ နှစ်တာကာလအထိ ဈေးမပြီးတာကို အကြောင်းပြပြီး ရောင်းချခွင့်မပေးသေးတာလို့ မူလ မေယုဈေးဆိုင်ခန်း ပိုင်ရှင်တွေက ဆိုပါတယ်။

အဆင့်မြင့် မေယုစျေးသစ်မှာ အဝတ်အထည်၊ လူသုံးကုန်နဲ့ လျှပ်စစ်ပစ္စည်းတွေကို အဓိကထား ရောင်းချသွားမှာဖြစ်ပြီး ကလေးကစားကွင်း၊ ခန်းမ၊ စားသောက်ဆိုင်များ၊ ရုပ်ရှင်ရုံနဲ့ လူထုအပန်းဖြေစရာ နေရာတွေ ပါဝင်မှာဖြစ်သလို ဈေးသစ်တည်ဆောက်ရေး စီမံကိန်းကို ၂ နှစ်အတွင်း အပြီးတည်ဆောက်မှာဖြစ်ပြီး အဆောက်အဦ ထိန်းသိမ်းရေးအတွက် ကုမ္ပဏီက နှစ် ၃၀ တာဝန်ယူမယ်လို့ ဈေးတာဝန်ရှိသူတွေက ပြောဆိုထားကြတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013