DVB Logo
Home
မြန်မာသတင်း
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများအတွက် ဩစတြေးလျက ဒေါ်လာ ၁၀ သန်းခွဲ ထပ်ကူညီမည်
DVB
·
June 26, 2023
မိုခါမုန်တိုင်းသင့် မြန်မာပြည်သူများအတွက် ဩစတြေးလျက ဒေါ်လာ ၁၀ သန်းခွဲ ထပ်ကူညီမည်
Donate to DVB

အင်အားပြင်း မိုခါဆိုင်ကလုန်းမုန်တိုင်းသင့် မြန်မာပြည်သူတွေအတွက် ဩစတြေးလျအစိုးရက အမေရိကန်ဒေါ်လာ ၁၀ သန်းခွဲ ထပ်မံထောက်ပံ့ကူညီသွားမယ်လို့ ပြောပါတယ်။

ဇွန် ၂၅ မနေ့က ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာ မုန်တိုင်းသင့် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာ ၂ နိုင်ငံပေါင်း ခန့်မှန်းခြေ လူပေါင်း ၂ ဒသမ ၄ သန်းလောက် ထိခိုက်ခဲ့ပြီးတော့ အရေးပေါ် လူသား ချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဒေါ်လာ ၁၂ သန်းခွဲ ပံ့ပိုးပေးသွားမယ်လို့ ဖော်ပြထားတာပါ။

မြန်မာနိုင်ငံက မုန်တိုင်းသင့်ပြည်သူ ၁ ဒသမ ၆ သန်းအတွက်တော့ ကုလသမဂ္ဂ ဦးဆောင်တဲ့ ထောက်ပံ့ကူညီရေးအစီအစဉ်တွေကနေတဆင့် အကူအညီပေးအပ်သွားမယ်လို့ ဆိုပါ တယ်။

ဩစတြေးလျနိုင်ငံအနေနဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် လူသားချင်းစာနာထောက်ထားမှုအ ကူအညီတွေ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်နဲ့ ၂၀၂၃ ခုနှစ်တွေမှာ စုစုပေါင်း ဒေါ်လာ ၁၄၅ သန်း ထောက်ပံ့ကူညီ ထားတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေ ပေးနိုင်ရေးအတွက် ဘေးကင်းလုံခြုံပြီး အတား အဆီးမဲ့ ဝင်ရောက်ခွင့်ရရှိဖို့အတွက်လည်း မြန်မာအာဏာသိမ်း စစ်အုပ်စုကို ဩစတြေးလျ အစိုးရ က တိုက်တွန်းထားပါတယ်။

ကုလသမဂ္ဂကလည်း ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကချင်ပြည်နယ်တွေမှာရှိတဲ့ မိုခါ ဆိုင်ကလုန်းမုန်တိုင်းဒဏ်သင့် လူဦးရေ ၁ ဒသမ ၆ သန်းကျော် ကို ကူညီဖို့လျာထားတဲ့ အရေးပေါ်ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၃၃၃ သန်းတောင်းခံထားရာမှာလည်း လတ်တလောအချိန်ထိ ၂၄ ဒသမ ၂ သန်းလောက်သာ ရရှိထားတဲ့အတွက် ရန်ပုံငွေဆက်လက်ထည့်ဝင်ဖို့လည်း အရေးတကြီးလိုအပ်နေတယ်လို့ ပြောထားပါတယ်။

လက်ရှိမှာတော့ ဒေသတွင်း မတည်ငြိမ်မှုတွေနဲ့အတူ စစ်အုပ်စုရဲ့ ဒေသတွင်း သွားလာခွင့် ထိန်းချုပ်ကန့်သတ်မှုတွေကြောင့် မုန်တိုင်းရိုက်ခတ်မှုဒဏ်ခံရအပြီး အချိန် ၁ လကျော် ကြာလာတဲ့တိုင်အောင် ရခိုင်ဒေသမှာ ထောက်ပံ့ကူညီမှုတွေ လက်လှမ်းမီ ရရှိဖို့ မသေချာတဲ့အပြင် နောက်ဆက်တွဲ ရောဂါကူးစက်ပျံ့ပွားမှုနဲ့ အဓိကစားနပ်ရိက္ခာ အကျပ်အ တည်းက အမှန်တကယ် ခြိမ်းခြောက်မှုအဖြစ် ရှိနေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013