DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် တက္ကစီအားလုံး ယာဉ်စီးခကို ကီလိုမီတာစနစ်ဖြင့် ကောက်ခံရန် သတ်မှတ်
DVB
·
June 26, 2023
ရန်ကုန်တွင် တက္ကစီအားလုံး ယာဉ်စီးခကို ကီလိုမီတာစနစ်ဖြင့် ကောက်ခံရန် သတ်မှတ်
Donate to DVB

ရန်ကုန်မြို့မှာ ပြေးဆွဲနေတဲ့ အငှါးယာဉ်တက္ကစီတွေအနေနဲ့ ယာဉ်စီးခကောက်ခံရာမှာ အကွာအဝေးအပေါ် မူတည်ပြီး ကီလိုမီတာစနစ်နဲ့ ကောက်ခံဖို့ ဇွန်လ ၂၃ ရက်စပြီး သတ်မှတ်လိုက်တယ်လို့ စစ်ကောင်စီလက်အောက်ခံ ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ယူ ပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)ကနေ  သိရပါတယ်။

တက္ကစီဒရိုင်ဘာတဦးက “ကီလိုမီတာ စနစ်က ကောင်းပါတယ်။ ခရီးသည်ကတော့ ခရီးတိုတဲ့လမ်းကို ညွှန်ပြရင် ကားဆရာက လမ်းကြပ်တယ်ဆိုပြီး ငြိုငြင်တာတွေတော့ ဖြစ်လာနိုင်တယ်။ ကားကို ပတ်မောင်းပြန်တော့ ကီလိုတွေ တက်တယ်ဆိုပြီးလည်း စကားပြောစရာတွေ ဖြစ်လာနိုင်ပါတယ်။ အဓိကကတော့ ခရီးသည်ညွှန်တဲ့အတိုင်း မောင်းပေးရင် တော်တော် အဆင်ပြေပါတယ်” လို့  ပြောပါတယ်။

ခရီးသည်တွေအနေနဲ့ ခရီးစဉ်စတင်တာနဲ့ ပုံသေ ၁၅၀၀ ကျပ် ပေးရမှာဖြစ်ပြီး ခရီးစဉ် အကွာအဝေးပေါ် မူတည်ကာ တကီလိုမီတာ ၆၀၀ ကျပ်နှုန်းနဲ့ ယာဉ်စီးခပေးချေရမယ့်စနစ်ဖြစ်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ထုတ်ပြန်ကြေညာထားပါတယ်။  

ခရီးသည်တဦးက “တကယ်တမ်းက အခုလို ကီလိုမီတာနဲ့ ကောက်ခံတာက အဆင်မပြေဘူး၊ ၄၀၀၀ လောက်ပဲရှိတဲ့ လမ်းကြောင်းကိုအဝေးကြီးကနေ ပတ်ခေါ်သွားပြီး ၇၀၀၀ ကောက်တယ်။ လမ်းက အနီးလေးကို တမင်တကာ လမ်းရှင်း၊ ကားရှင်းရဲ့သားနဲ့ခေါ်သွားတာဆိုတော့ ဒါမျိုးတွေ ဆက်ဖြစ်နေဦးမှာ၊ ကားသမားအများစုကတော့ နီးနီးဝေးဝေး ပိုက်ဆံ ပိုရအောင် လုပ်ကြမှာပဲ။ ခရီးသည်တွေအနေနဲ့ကျ ကီလိုမီတာနဲ့ ကားငှါးစီးရင်ကို ကျသင့်ငွေအပေါ် စိုးရိမ်ပူပန်နေရမှာဖြစ်တယ်” လို့  ပြောပါတယ်။ 

YRTC ကနေ အခုလို သတ်မှတ်လိုက်တဲ့ ကီလိုမီတာနဲ့ ယာဉ်စီးခကောက်ခံတဲ့စနစ်ကို စက်သုံးဆီကား၊ CNG ကား အားလုံး အသုံးပြုရမှာဖြစ်ပြီး Grab  တက္ကစီနဲ့ အက်ပလီကေးရှင်းကိုအသုံးပြု ပြေးဆွဲနေတဲ့ တက္ကစီတွေပါ ကီလိုမီတာနဲ့ ငွေကောက်ခံတာကို လိုက်နာရမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013