DVB Logo
Home
မြန်မာသတင်း
ငါန်းမြှာရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး
DVB
·
June 25, 2023
ငါန်းမြှာရဲစခန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီး ၆ ဦးသေဆုံး
Donate to DVB

မန္တလေးတိုင်း၊ မြင်းခြံခရိုင်၊ ငါန်းဇွန်မြို့နယ်၊ ငါန်းမြှာကျေးရွာက ရဲစခန်းကို ဇွန် ၂၄ ရက် မနက် ၈ နာရီလောက် ဒရုန်းနဲ့ တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးသေဆုံးတယ်လို့ သိရပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကျောက်ဆည်ခရိုင်ဒရုန်းတပ်ဖွဲ့က ဦးဆောင်ပြီး မြင်းခြံခရိုင်တပ်ရင်း - ၇(ZERO ပြောက်ကျားတပ်ဖွဲ့တပ်ရင်း)၊ ကျောက်ဆည်ခရိုင်တပ်ရင်း - ၁ (နဂါးနီတပ်ရင်း)၊ ရွေဘိုခရိုင်တပ်ရင်း - ၁၅၊ ဆားတောင်မိုးကြိုး(Local PDF) နှင့် Danger Force (Local PDF) အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာလို့ တော်လှန်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

ကျောက်ဆည်ခရိုင်တပ်ရင်၁နဂါးနီတပ်ရင်းမှ ဒုတပ်ရင်းမှူး ဆရာလေးက “တိုက်ခိုက်တာက ကျနော်တို့ မဟာမိတ်ညီအစ်ကိုတွေ သွားပြီးတိုက်ခိုက်ခဲ့တာဗျ။ အတိအကျ မြေပြင်ကင်းထောက်ပြီး ဒီပွဲကို အတိအကျ စိတ်ကြိုက် လုပ်ဆောင်ခဲ့တာပါ။ သူတို့စခန်းမှာ အင်အား ၃၀ ကျော်လောက်ရှိတယ်ဆိုတာလည်း ကျနော်တို့ အတိအကျသိထားတယ်။ အခုကတော့ ကျနော်တို့ ဒရုန်း ၄ စီးနဲ့ ပထမအခေါက်မှာ ဗုံးသီး ၈ လုံး၊ ဒုတိယအကြိမ်မှာ ဗုံးသီး ၄ လုံး စုစုပေါင်းဗုံးသီး ၁၂ လုံးချတိုက်ခိုက်ခဲ့တာဗျ။ (-) အသေကတော့ ၆ ကောင်သေတယ်၊ ၁၀ ကောင် ပြင်းထန်ဒဏ်ရာရရှိတယ်လို့ သိထားရတယ်။ ကျနော်တို့အဖွဲ့တွေကတော့ အထိခိုက်အကျဆုံး တယောက်မှမရှိခဲ့ဘူး” လို့ ပြောပါတယ်။

ခုဒရုန်းနဲ့ တိုက်ခိုက်ခံရတဲ့စခန်းဟာ အိမ်ခြေ ၁ ထောင်ကျော်ရှိတဲ့ ကျေးရွာရဲ့ နယ်မြေခံရဲစခန်းတခုဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ပထမစစချင်း စခန်းကိုဗုံးချပြီး အတိုက်ခံရတုန်းက ပြည်သူ့ကာကွယ်ရေးတွေက ရဲစခန်းကို ဝင်တိုက်သိမ်းနေပြီလို့ ထင်နေတာ။ နောက်ပိုင်း ဒရုန်းနဲ့ချတိုက်ခိုက်ခံရတာလို့ သိလိုက်ရတယ်။ ပေါက်ကွဲတာကတော့ ၁၂ လုံးလောက် ပေါက်တာတော့ ကြားတယ်။ အထိခိုက်အသေတွေလည်းရှိတယ်။ စခန်းပတ်ပတ်လည်ကတော့ သွားလာမှုဘာမှမလုပ်ရတော့ဘူး။ အကုန်ပိတ်ထားတယ်” လို့ ငါန်းမြှာရွားတဦးကပြောပါတယ်။

ငါန်းမြှာရွာနယ်မြေခံရဲစခန်း ဒရုန်းနဲ့ တိုက်ခိုက်ခံရပြီးနောက် စခန်းတဝိုက်ကို စစ်ကောင်စီက လုံခြုံရေးတွေ တင်းကျပ်ထားသလို ငါန်းဇွန်မြို့ကနေ စစ်သားအင်အားထပ်တိုးတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013