
မကွေးတိုင်းထဲက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ရင်း ၅ ရင်းကို တပြိုင်နက် လက်နက်တပ်ဆင်ပေးလိုက်ပြီဖြစ်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ကာကွယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၄ ရက်က ထုတ်ပြန်ပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းကွပ်ကဲရေးရုံးက ဦးစီးပြီး ကျင်းပတဲ့ စုဖွဲ့၊ လေ့ကျင့်၊ လက်နက်တပ်ဆင်မှု သင်တန်းအပတ်စဉ် ၆ သင်တန်းဆင်းပွဲနဲ့ လက်နက်တပ်ဆင်ခြင်း အခမ်းအနားကို ဇွန်လ ၂၃ ရက်နေ့က ပြုလုပ်ခဲ့တာလို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မကွေးတိုင်းကွပ်ကဲရေးရုံးကဆိုပါတယ်။
မကွေးတိုင်းထဲက ခရိုင်တပ်ရင်းတွေကို NUG က လက်နက်တပ်ဆင် လုပ်ပေးနေတာကြာပါပြီ လို့ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးကပြောပါတယ်။
တနှစ်ဗျူဟာနဲ့ အညီ စစ်ဆင်ရေးစီမံချက်တွေကို အကောင်အထည်ဖော်နေပြီး လက်နက်တပ်ဆင်တာတွေကို ကြိုးစားဆောင်ရွက်နေတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန အသိပေးထုတ်ပြန်ထားပါတယ်။
( ဓာတ်ပုံ-NUG/MOD )











