DVB Logo
Home
မြန်မာသတင်း
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဖေ့စ်ဘွတ်ခ် ဟက်ခံရသဖြင့် ဦးစီးအရာရှိအချို့ စစ်ဆေးခံရ
DVB
·
June 25, 2023
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနဖေ့စ်ဘွတ်ခ် ဟက်ခံရသဖြင့် ဦးစီးအရာရှိအချို့ စစ်ဆေးခံရ
Donate to DVB

စစ်ကောင်စီလက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနရဲ့ ဖေ့စ်ဘွတ်ခ် လူမှုကွန်ရက်စာမျက်နှာ ဟက်ခံထားရပြီးနောက် ဌာနရဲ့ ဦးစီးအရာရှိအချို့ စစ်ဆေးခံနေရတယ်လို့ နေပြည်တော်ဝန်ထမ်းအသိုက်အဝန်းကနေ  သိရပါတယ်။

Ministry of Cooperatives and Rual Development နာမည်နဲ့ ဖွင့်လှစ်ထားတဲ့ ဖေ့စ်ဘွတ်ခ် စာမျက်နှာ ဟက်ခံထားရပြီးနောက် ညစ်ညမ်းပုံတွေနဲ့ ညစ်ညမ်းဗီဒီယိုတွေကို နေ့စဥ်တင်နေတာ ဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့  Page တာဝန်ယူကိုင်ထားသူ Admin ဦးစီးအရာရှိတချို့ကို စစ်ကောင်စီက ခေါ် ယူစစ်ဆေးခဲ့တာလို့ ဝန်ထမ်းတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။

"အဟက်ခံရတာ တလကျော်ပြီ အကောင့်ကိုပြန်ဆယ်လို့မရဘူး page ကနေ မဟုတ်တဲ့ ဗီဒီယိုကားတွေ ဓာတ်ပုံတွေတင်တာ ဇွန် ၂၁ ရက်က ဦးစီးအရာရှိနဲ့ တခြားအဆင့် နှစ်ယောက်ကို ခေါ်စစ်နေတယ်။”

အဆိုပါ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှာ မေလ ၁၃ ရက်က စပြီး အဟက်ခံခဲ့ရတာဖြစ်တယ်လို့ အဆိုပါဌာနက  အမည်မဖော်လိုသူ ဝန်ထမ်းတယောက်က ပြောပါတယ်။

"စပိန်ဘာသာစကားနဲ့ Hola ဆိုနာမည်ချိန်းပြီး Pageကို ဟက်တာ အဲ့နေ့ကတည်းက အကောင့်ပြန်ဆယ်နေတာမရဘူး။ ညစ်ညမ်းကားတွေတင်တာ ဝန်ကြီးဌာန page ဆိုတော့ အဆင်မပြေဘူး။ ကားပေါ်တွေ အိမ်တွေမှာ ဖွင့်ကြည့်ရင် အဆင်မပြေဘူး။ ဌာနက  Admin ကိုင်ထားတဲ့သူတွေကို ခေါ်စစ်တာ။”

လတ်တလောမှာ အဆိုပါ page ကို စစ်ကောင်စီတပ်က  နည်းပညာကျွမ်းကျင်သူတွေက  ပြန်ဆယ်နေပေမဲ့ အခုထိတော့ မရသေးဘူးလို့ ဝန်ထမ်းတွေထံက  သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013