DVB Logo
Home
မြန်မာသတင်း
ခင်ဦးနှင့်အင်းတော်တွင် စစ်တပ်လက်နက်ကြီးကြောင့် ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
DVB
·
June 24, 2023
ခင်ဦးနှင့်အင်းတော်တွင် စစ်တပ်လက်နက်ကြီးကြောင့် ၁ ဦးသေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရ
Donate to DVB

စစ်ကိုင်းတိုင်း ခင်ဦးမြို့နယ်ထဲကို ဇွန် ၂၄ ရက် မနက်က စစ်ကောင်စီတပ်အင်အား ၁၀၀ ကျော်နဲ့ စစ်ကြောင်းထိုးလာပြီး တဲစုကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် ပြည်သူ ၁ ဦး သေဆုံးခဲ့ရပြီး ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်က တဲစုရွာအတွင်းကို လက်နက်ကြီး သုံးချက်ပစ်ခတ်ခဲ့တာကြောင့် အသက် ၄၅ နှစ်အရွယ် ဒေါ်မိုးဆွေ လက်နက်ကြီးထိမှန်ပြီး နေရာတင် သေဆုံးခဲ့ရကာ ​ပြည်သူ ၉ ဦး ဒဏ်ရာရခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ မြစ်တော်ရွာဘက်ကို လက်နက်ကြီးတွေနဲ့ ဆက်လက်ပစ်ခတ် ဝင်ရောက်နေတာကြောင့် တဲစု၊ အင်တိုင်းကြီး၊ မြစ်တော်၊ ကံသစ်နဲ့ ဂွေးကုန်း စတဲ့ကျေးရွာတွေက ဒေသခံ ၄၀၀၀ ကျော် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေးအဖွဲ့တွေဆီက သိရပါတယ်။

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ် နဘားရွာဘက်ကို စစ်တပ်က လက်နက်ကြီးကုန်းက‌နေ ဇွန် ၂၁ ရက် ညနေနဲ့ ၂၂ ရက် နေ့လယ်ပိုင်းတို့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် နဘားလမ်းဆုံ စော်မော်ချောင်းအနီး ကျရောက်ပေါက်ကွဲခဲ့ပြီး အပြစ်မဲ့ပြည်သူတွေ ထိခိုက်ဒဏ်ရာ ရရှိ‌ခဲ့‌တယ်လို့ ဒေသခံတွေက ပြောပါတယ်။‌

“နဘားလမ်းဆုံနားက စော်မော်ချောင်းထဲကို ကျပြီးပေါက်ကွဲခဲ့တယ်။ ပင်ဝယ်ရွာက အသက် ၄၀ ကျော်အရွယ် သုံးဘီးမောင်းတဲ့ အမျိုးသား ၁ ယောက် ဗိုက်ကိုထိမှန် ဒဏ်ရာရသွားတယ်" လို့ Indaw Revolution-IR အဖွဲ့ တာဝန်ရှိသူက DVB ကို ပြောပါတယ်။

ဇွန် ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာလည်း နဘားရွာဘက်ကို လက်နက်ကြီးနဲ့ ဆက်လက်ပစ်ခတ်ခဲ့ရာ ကမ်းနီရွာအနီး‌ ကျရောက်ပေါက်ကွဲခဲ့ပြီး လယ်ထဲမှာရှိနေတဲ့ ၅ နှစ်အရွယ်ကလေးငယ် ၁ ယောက်နဲ့ အသက် ၂၀ ကျော်အရွယ် မိခင် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ Indaw Revolution-IR က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013