DVB Logo
Home
မြန်မာသတင်း
ဆိပ်ဖြူ၌ ၂ ရက်အတွင်း မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၂၀ သေဆုံး
DVB
·
June 23, 2023
ဆိပ်ဖြူ၌ ၂ ရက်အတွင်း မိုင်းဆွဲခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်  ၂၀ သေဆုံး
Donate to DVB

မကွေးတိုင်း၊ ဆိပ်ဖြူမြို့နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီတပ်တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF/ပကဖ တပ်ဖွဲ့တွေက ၂ ရက်တာ မိုင်းဆွဲတိုက်ခိုက်ခဲ့ကြပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၂၀ သေဆုံးကာ ၃၀ ထက်မနည်း ဒဏ်ရာရရှိခဲ့ကြတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဇွန် ၂၀ ရက် မနက် ၇.၅၀ နာရီမှာ  ဆိပ်ဖြူမြို့ကနေ ဆောလမ်းပိုင်းကို ဝင်ရောက်လာတဲ့ ရန်သူ့အင်အား ၃၀ လောက်ပါဝင်တဲ့ စစ်ကားကြီး ၁ စီးကို သပြေကျေးရွာနဲ့ ရေကျော်ကျေးရွာအကြား လမ်းပိုင်းတနေရာကို ရောက်ချိန်မှာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ပခုက္ကူခရိုင် အမှတ် (၄) တပ်ရင်း - တပ်ခွဲ ၁ (Caf – Spupdf) နဲ့ ဆိပ်ဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ - ဆိပ်ဖြူ ပကဖ (မြေလတ်ဇုံ ပကဖအဖွဲ့) တို့ပူးပေါင်းကာ ပဒေသာမိုင်း ၄ လုံးတွဲနဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့တပ်ဖွဲ့ဝင် ၃ ယောက် နေရာတင် သေဆုံးခဲ့ပြီး ပြင်းထန်ဒဏ်ရာရရှိသူ အယောက် ၂၀ လောက် ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

အဲဒီနောက် မနက် ၉ နာရီမှာတော့ သပြေကျေးရွာနဲ့ ရေကျော်ကျေးရွာအကြား ထပ်မံ ဝင်ရောက်လာတဲ့ စစ်ကား ၁ စီး ကို ပဒေသာမိုင်းတွေနဲ့ ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ရန်သူ့ တပ်ဖွဲ့ဝင် ၂ ယောက် နေရာတင် သေဆုံးခဲ့ပြီး ၅ ယောက်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။ 

ဒါ့အပြင် နောက်တရက် ဇွန် ၂၁ ရက်မနက် ၁၁ နာရီခွဲလောက်မှာလည်း မကွေးတိုင်း၊ သပြေကျေးရွာနရေကျော်ကျေးရွာအကြား လမ်းမပေါ်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် အလောင်းတွေကို လာရောက်သယ်ဆောင်ဖို့ ရောက်လာတဲ့ စစ်ကား ၁ စီးက မိုင်းကွင်းတွေကို ဖျက်ဆီးကာ နယ်မြေရှင်းလင်းရေးဝင်ရောက်လာခဲ့ချိန်မှာ အဆိုပါကားကို  ဒေသခံ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့တွေက ပဒေသာမိုင်းတွေနဲ့ ထပ်မံတိုက်ခိုက်ခဲ့တာကြောင့်  စစ်ကားပျက်စီးခဲ့သလို ရန်သူ့တပ်ဖွဲ့ဝင် ၁၅ ယောက် သေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူ ၅ ယောက်လောက် ရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

အဆိုပါ ၂ ရက်တာ မိုင်းဆွဲတိုက်ခိုက်မှုအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဘက်ကတော့ အထိအခိုက်မရှိ တိုက်ခိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ် ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြတာပါ။

NUG အစိုးရကတော့ အစိုးရ ဖွဲ့စည်းတဲ့ ၂ နှစ်တာ ကာလအတွင်း PDF တပ်ရင်းနဲ့ စစ်ကြောင်း ၃၀၀ ကျော် အပါအဝင် ရပ်ရွာအခြေပြု ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တွေကိုလည်း မြို့နယ်ပေါင်း ၂၅၀ ကျော်မှာ စနစ်တကျ ဖွဲ့စည်းတည်ထောင်ထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပြည်သူ့ခုခံတွန်းလှန်စစ်အတွင်း ခန့်မှန်းရန်သူ့အင်အား ၃ သောင်းလောက်ထိ ခိုက်သေဆုံးတဲ့အထိ ချေမှုန်းနိုင်ခဲ့ပြီး ၁ သောင်းကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ် ပြန်ချက်မှာ ဖော်ပြထားကာ စစ်အာဏာသိမ်းမှုကို လက်မခံတဲ့ တပ်မတော်သားနဲ့ ရဲဦးရေ ၁၃,၀၀၀ ကျော် ပြည်သူ့ရင်ခွင် ခိုလှုံလာခဲ့တယ်လို့လည်း ဆိုပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြတဲ့ လူထုသပိတ် တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့အပြား ပြုလုပ်နေကြသလို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေ၊ တိုင်းရင်းသား လက်နက်ကိုင်တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013