DVB Logo
Home
မြန်မာသတင်း
PDF များအလင်းဝင်သည်ဆိုပြီး ဆုငွေလိမ်လည်ထုတ်ယူမှု တိုင်းမှူးများ သတိပေးခံရ
DVB
·
June 23, 2023
PDF များအလင်းဝင်သည်ဆိုပြီး ဆုငွေလိမ်လည်ထုတ်ယူမှု တိုင်းမှူးများ သတိပေးခံရ
Donate to DVB

PDF တွေ အလင်းဝင်တယ်ဆိုပြီး စစ်တပ်မှ ဆုကြေးငွေထုတ်ယူတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ အခုရက်ပိုင်းအတွင်း နေပြည်တော် ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ တိုင်းမှူးတွေကို ခေါ်ယူသတိပေးခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူတွေဆီက သိရပါတယ်။

နေပြည်တော်ကောင်စီနယ်မြေ ကာကွယ်ရေးဦးစီးချုပ်ရုံးမှာ ဇွန် ၂၀ ရက်က တိုင်းမှူးတွေကို ကာကွယ်ရေးဝန်ကြီးက ခေါ်တွေ့ကာ အခုလို သတိပေးခဲ့တာလို့ စစ်ကောင်စီတပ်မှ အရာရှိတဦးနဲ့ နီးစပ်သူက ပြောပါတယ်။

“ပြောရရင် စစ်ဌာနချုပ်တွေက PDF တွေ အလင်းဝင်တယ်ဆိုပြီး ဆုငွေတွေ၊ စားနပ်ရိက္ခာတွေသာ ထုတ်နေတာ၊ မြေပြင်မှာ အဲ့ဒီအဖွဲ့နဲ့က တိုက်နေတုန်း။ တပ်တွင်းမှာ အဲ့ပြဿနာတွေ တက်နေတာ။ ဒါကြောင့် အကုန်ခေါ်သတိပေးနေတာ။ သာမန်လူတွေကို PDF ဆိုပြီး ဆုကြေးငွေမထုတ်ဖို့ဆိုပြီး” လို့ ပြောပါတယ်။

အခုလို ဆုကြေးငွေလိမ်ပြီး ထုတ်စားတာဟာ မေ ၉ ရက်မှာ စစ်ကောင်စီက ကြေညာခဲ့တဲ့ လက်နက်နဲ့အတူ အလင်းဝင်လာတဲ့ PDF တွေကို ဆုငွေ ၃ သိန်းကနေ ၇၅ သိန်းအထိ ပေးမယ်ဆိုတဲ့ မက်လုံးကြောင့် ဖြစ်တယ်လို့ စစ်မှုထမ်းဟောင်းတဦးက ပြောပါတယ်။

“PDF တွေ အလင်းဝင်တယ်ဆိုပြီး စစ်ဌာနချုပ်တွေက ချပြတယ်။ PDF ဘက်က အဲ့လူတွေဟာ သူတို့အဖွဲ့က မဟုတ်ပါဘူးဆိုပြီး ထုတ်ပြန်ရော။ တချို့တပ်ရင်းတွေဆို ဆေးမှု၊ ဓားပြမှုတွေက သေနတ်တွေယူပြီး တခြားအမှုကလူတွေ အလင်းဝင်တဲ့ ပုံစံတွေလုပ်တာ၊ တရားခံဘက်ကရော စစ်တပ်ဘက်ကပါ နှစ်ဖက်ပိုက်ဆံရတယ်။”

လတ်တလော ပြည်နယ်နဲ့ တိုင်းတချို့မှာ PDF တွေ အလင်းဝင်တယ်ဆိုပြီး ပုံမှားရိုက် ဆုငွေထုတ်ယူမှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီအကြီးအကဲတွေက စုံစမ်းနေတယ်လို့ စစ်တပ်အသိုက်အဝန်းမှာ သတင်းတွေ ထွက်နေပါတယ်။

ဒီနေ့အထိ ပြည်နယ်နဲ့တိုင်း ဒေသတချို့မှာ လက်နက်ချအလင်းဝင်လာသူ ၅၃၂ ဦးရှိတယ်လို့ စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013