DVB Logo
Home
မြန်မာသတင်း
ကျောက်မဲမြို့ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲ ၁ ခုပိတ်သိမ်း
DVB
·
June 23, 2023
ကျောက်မဲမြို့ရှိ ကမ္ဘာ့ရတနာဘဏ်ခွဲ ၁ ခုပိတ်သိမ်း
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့က ကမ္ဘာ့ရတနာဘဏ်ခွဲ ၁ ခုကို ဇူလိုင် ၁ ရက်နေ့ စတင်ပိတ်သိမ်းမှာဖြစ်တာကြောင့် ငွေအပ်နှံထားသူတွေ ဇွန် ၃၀ ရက်နေ့ နောက်ဆုံးထား လာထုတ်ကြဖို့ ဘဏ်ခွဲရှေ့မှာ ကြေညာထားပါတယ်။

“ဘဏ်အကောင့်ပိုင်ရှင်ကိုယ်တိုင်လာမှရမယ် ငွေအပ်ထားသူက ဘဏ်စာအုပ် ပြပြီးထုတ်ရတယ် ”လို့ ငွေထုတ်ခဲ့သူ မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။ 

ငွေပြန်လည်ထုတ်ယူရာမှာ သတ်မှတ်နှုန်းထားအတိုင်း ထုတ်ယူရမှာဖြစ်တယ်လို့ ဘဏ်က ထုတ်ပြန်ထားပြီး ဘာကြောင့် ပိတ်သိမ်းတယ်ဆိုတာကိုတော့ အသိပေးကြေညာထားတာ မရှိပါဘူး။

ကမ္ဘာရတနာဘဏ်ကို ၁၉၉၆ ခုနှစ်မှာ မွေးမြူရေး၊ ရေလုပ်ငန်းနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေး ဝန်ကြီးဌာန မွေးမြူရေးနှင့်ရေလုပ်ငန်း ဖွံ့ဖြိုးရေးဘဏ်အဖြစ် စတင်ဖွင့်လှစ်ခဲ့ပြီး ၂၀၁၃-ခုနှစ်မှာ အများပိုင်ဘဏ်အဖြစ် ပြောင်းလဲခဲ့ပါတယ်။

ယခင် နအဖ စစ်အစိုးရလက်ထက်​မွေး​မြူရေးနဲ့ရေလုပ်ငန်းဝန်ကြီး ဦး​မောင်​မောင်သိမ်းနဲ့ စစ်ဗိုလ်ချုပ်​ဟောင်းတွေ ပိုင်ဆိုင်တဲ့ဘဏ်ဖြစ်ပြီး နိုင်ငံတဝန်း ဘဏ်ခွဲပေါင်း ၁၈၀ ကျော်ဖွင့်လှစ်ထားတယ်လို့  ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013