DVB Logo
Home
မြန်မာသတင်း
ချင်းမိုင်တွင် တရားမဝင်မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ
DVB
·
June 23, 2023
ချင်းမိုင်တွင် တရားမဝင်မြန်မာနိုင်ငံသား ၈ ဦး ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်ခရိုင် ဟွေစ်မြို့မှာ စစ်ဆေးရေးဂိတ်ကနေ ထွက်ပြေးမောင်းနှင်သွားတဲ့ ကား ၂ စီးကို လိုက်လံဖမ်းဆီးရာကနေ တရားမဝင်မြန်မာနိုင်ငံသား ၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ၉ ဦးကတော့ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ဒေသတွင်းမီ ဒီယာတွေမှာ ဖော်ပြပါတယ်။

ဇွန် ၂၂ရက် မနက်က ထိုင်းအာဏာပိုင်တွေ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ပူးပါင်းဆောင်ရွက်နေစဥ် ဟွေစ်မြို့အပိုင် လမ်းမကြီးအတိုင်း မောင်းနှင်လာတဲ့ ကား ၂ စီးကို စစ်ဆေးဖို့ ရပ်တန့်ခိုင်းခဲ့ရာ မောင်းနှင်ထွက်ပြေးသွားတဲ့အတွက် ထိုင်းအာဏာပိုင်တွေက ကားတာယာကို သေနတ်ပစ်ဖောက်ဖမ်းဆီးခဲ့ရာ တောစပ်အရောက်မှာ ဖမ်းဆီးရမိခဲ့တာပါ။

ဖမ်းဆီးရမိသူတွေကို စစ်ဆေးရာ မြန်မာနိုင်ငံသားတွေဖြစ်ကြောင်း၊ ကားရပ်တန့်ချိန်မှာ ၉ ဦး ခြေလျင်ထွက်ပြေးလွတ်မြောက်သွားတဲ့အတွက် လိုက်လံဖမ်းဆီးရာ မျက်ခြည်ပြတ် လွတ်မြောက်သွားတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်

အဆိုပါ ဖမ်းဆီးရမိသူ မြန်မာနိုင်ငံသား ၈ ဦးကို နယ်စပ်ဖြတ်ကျော်ဝင် ရောက်လာကြောင်း တွေ့ရှိရတဲ့အတွက် လူဝင်မှုကြီးကြပ်ရေးဥပဒေအရစစ်ဆေးအရေးယူနိုင်ဖို့ သက်ဆိုင်ရာနယ်မြေရဲစခန်းကို ပို့ဆောင်ထားပြီး ဖမ်းဆီးရမိသူတွေက ဘယ်လမ်းကြောင်းက ပွဲစားခ ဘယ်လောက်ပေးဆောင်ပြီး ဘယ်ကို အလုပ်သွားရောက်လုပ်ကိုင်မယ်ဆိုတာကိုတော့ အသေးစိတ်ဖော်ပြထားခြင်းမရှိပါဘူး။

ဇွန် ၉ ရက်က တာချီလိတ်မှာ ပြုလုပ်ခဲ့တဲ့ ထိုင်း-မြန်မာ နှစ်နိုင်ငံ နယ်စပ်ဒေသ မြို့နယ်အဆင့်ဆွေးနွေးပွဲမှာ နှစ်နိုင်ငံနယ်စပ်လုံခြုံရေးပူးပေါင်းဆောင်ရွက်ဖို့ သဘောတူခဲ့ကြပြီးနောက် နောက်ရက်တွေမှာ ဆက်တိုက်ဆိုသလို တရားမဝင် မြန်မာနိုင်ငံသားတွေ ဖမ်းဆီးခံနေရတာပါ။

မြန်မာနိုင်ငံသားတွေအနေနဲ့ MOU စနစ်နဲ့ တရားဝင်အိမ်နီးချင်းနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်ဖို့ ကြိုးစားနေကြပေမဲ့ ပက်စ်ပို့စျေးနှုန်း မြင့်တက်နေတာနဲ့ အချိန်ကာလကြာမြင့်မှုတွေကြောင့် တရားမဝင်လမ်းကြောင်းကို အသုံးပြုပြီး နယ်စပ်ဖြတ်ကျော်ဝင်ရောက်နေကြတာလည်း ဖြစ်ပါတယ်။

Source - PPTV HD 36

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013