DVB Logo
Home
မြန်မာသတင်း
မြစ်ကြီးနားတွင် ရာသီပေါ်သီးနှံများ အရောင်းသွက်
DVB
·
June 23, 2023
မြစ်ကြီးနားတွင် ရာသီပေါ်သီးနှံများ အရောင်းသွက်
Donate to DVB

ကချင်ပြည်နယ်၊ မြစ်ကြီးနားသီးနှံစျေးကွက်မှာ ဒေသထွက် ရာသီသီးနှံတွေဖြစ်တဲ့ တညင်းသီး၊ ကြက်မောက်သီး၊ နာနတ်သီးတို့ စတင်အရောင်းသွက်နေပြီလို့ ဒေသခံတွေထံက သိပါတယ်။

ကြက်မောက်သီးရောင်းချနေတဲ့ စျေးသည်တဦးက “ကြက်မောက်သီးကတော့ ရောင်းတာ ၃ ရက်လောက်ရှိသေးတယ်။ ၁၅ လုံးပါတစီးကို ၂,၀၀၀ ကျပ်ပါ။ စျေးကတော့ ဒီနေ့နဲ့ မနက်ဖြန် မတူပါဘူး။ ပင်ပြတ်ဝယ်တာမို့ မနက်ဖြန် စျေးပိုတက်နိုင်သလို စျေးကျရင်လည်း ကျနိုင်ပါတယ်။ အသီးအပေါ်မူတည်တာပါ။ ကြက်မောက်သီးက အကြွပ်သီးနဲ့ အကပ်သီး ၂ မျိုးရှိပြီး  အကြွပ်သီးက စားရပိုလွယ်ပြီး အကပ်သီးက အစေ့နဲ့ အသီးသားကပ်နေတာမို့ လူကြိုက်နည်းပါတယ်။ ဒေသခံတွေတောင် တခါတလေ အကြွပ်သီးနဲ့ အကပ်သီးကို မှားတတ်ကြပါတယ်။ အနီရဲရဲ ကြက်မောက်သီးက ပိုဆွဲဆောင်မှုရှိပြီး အဝါသန်းတဲ့ ကြက်မောက်သီးကတော့ တစီး ၁,၀၀၀ လည်း ရနိုင်ပါတယ်” လို့ ပြောပါတယ်။

တညင်းသီးလက်ကားသည်တဦးက “တညင်းသီးကတော့ စရောင်းတာ ၁၀ ရက်လောက်ရှိပါပြီ။ စာလတ်နဲ့ စာသေး ပိုများပါတယ်။ ဒေသထွက် မြစ်ကြီးနားမြို့ပေါ် တညင်းတွေက စေးပြီး စားလို့ကောင်းပါတယ်” လို့ ပြောပါတယ်။

အလုံးရေ ၁၀၀ ကို ၃,၅၀၀ မှ ၈,၀၀၀ ထိ စျေးအစားစားရှိနေပြီး သစ်သီးတန်းတလျှောက်မှာ မေးမြန်းပြီး စျေးချိုပြီး အဆန်လှတဲ့ အသီးရင့်တွေ ရွေးဝယ်တတ်ရင် အဆင်ပြေကြောင်း တညင်းသီးကြိုက်နှစ်သက်သူတဦးက ဆိုပါတယ်။

နာနတ်သီးက ဗန်းမော်သီးဆိို အလုံးပိုကြီးပြီး မြစ်ကြီးနားရွှေစက်သီးဆိုရင် အလုံးပိုသေး ပိုချိုတယ်လို့ နာနတ်သီးသည်တဦးက ဆိုပါတယ်။ တလုံး ၅,၀၀၀၊ ၃,၀၀၀၊ ၂,၀၀၀ အစားစားရှိကြောင်း သိရပါတယ်။

ပိန္နဲသီးကတော့ မပျော့မမာသီးတွေဖြစ်ပြီး လုံးဝအကြွပ်သီးစစ်စစ်တော့ မြစ်ကြီးနားမှာ မရှိပါဘူးလို့ စျေးသည်က ရှင်းပြပါတယ်။

တခြား မင်းဂွတ်သီး၊ အုန်းသီး၊ ငှက်ပျော၊ ဖရဲ၊ သရက်၊ တရုတ်မက်မန်း၊ တရုတ် စပျစ်သီးတွေအပြင် နဂါးမောက်သီးတွေ ရနိုင်ပေမဲ့ ခုချိန် အရောင်းသွက်တာကတော့ ရာသီပေါ်သီးနှံဖြစ်တဲ့ ကြက်မောက်၊ နာနတ်သီးနဲ့ တညင်းသီးက ရောင်းရအသွက်ဆုံး ဖြစ်နေကြောင်း သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013