
တောင်ကိုရီးယားနိုင်ငံ ဒယ်ဂျွန်းမြို့မှာရှိတဲ့ မော်တော်ယာဉ်အစိတ်အပိုင်း ထုတ်လုပ်တဲ့ စက်ရုံ မီးလောင်မှုမှာ သေဆုံးသူ ၁၁ ယောက်၊ ဒဏ်ရာရသူ ၆၉ ယောက်ရှိပြီး လူ ၃ ယောက်က ပျောက်ဆုံး နေတယ်လို့ မီးသတ်ဌာနအာဏာပိုင်တွေက မတ် ၂၁ ရက်မှာ ပြောပါတယ်။
သောကြာနေ့ ဒေသစံတော်ချိန် နေ့လယ်လောက် မီးလောင်မှုဖြစ်ပွားခဲ့ချိန်မှာ စက်ရုံအတွင်း အလုပ်သမား ၁၇၀ လောက် ရှိနေပါတယ်။
အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ ပထမဆုံး သေဆုံးသူကို ဒုတိယထပ်မှာ နှလုံးရပ်တန့်နေတဲ့ အခြေအနေနဲ့ စတင်တွေ့ရှိခဲ့တာဖြစ်ပြီး နောက်ထပ် သေဆုံးသူ ၉ ယောက်ကိုတော့ တတိယထပ်မှာ ထပ်မံတွေ့ရှိခဲ့ပါတယ်။
ဘေးကင်းလုံခြုံရေးဆိုင်ရာ ကျွမ်းကျင်သူတွေက ဒီအဆောက်အအုံကို ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ လုံလောက်တဲ့ ကြံ့ခိုင်မှုရှိတယ်လို့ ဆုံးဖြတ်ပေးခဲ့ပြီးနောက် မီးသတ်သမားတွေဟာ သောကြာနေ့ညနှောင်းပိုင်းမှာ စက်ရုံထဲကို စတင်ဝင်ရောက်နိုင်ခဲ့ပြီး ပျောက်ဆုံးနေသူတွေကို ဆက်လက်ရှာဖွေခဲ့ကြပါတယ်။
Source:Reuters










