DVB Logo
Home
မြန်မာသတင်း
ဖရူဆိုတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ ဖားဆောင်းရှိ စစ်တပ်စခန်းကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ 
DVB
·
June 22, 2023
ဖရူဆိုတွင် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကြဲ၊ ဖားဆောင်းရှိ စစ်တပ်စခန်းကုန်း ဒရုန်းဖြင့် တိုက်ခိုက်ခံရ 
1 / 4
Donate to DVB

ကရင်နီ(ကယား)ပြည်နယ်၊ ဖရူဆိုမြို့ အနောက်ဘက်ရှိ ကျေးရွာတစ်ရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် စာသင်ကျောင်းနဲ့ လူနေအိမ်တချို့ ပျက်စီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇွန်လ ၂၁ရက် ည ၁၂ နာရီဝန်းကျင်မှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့  ၃ ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  စာသင်ကျောင်းဆောင်နဲ့ လူနေအိမ် ၆ လုံး ဗုံးထိမှန်ပျက်စီးပြီး လူထိခိုက်မှုတော့ မရှိဘူးလို့ သိရပါတယ်။

ဒေသခံတစ်ဦးက“ဗုံးက ၃ ကြိမ်တောင်ကြဲတာ။ အိမ် ၆ လုံး ပျက်စီးသွားတယ်။ တချို့ အိမ်တွေ ဆို တစ်အိမ်လုံး ပျက်စီးသွားတာ ဘာမှရစရာ မရှိဘူး။ တချို့လူတွေလည်း ညကတည်းက ကြောက်ပြီး ထွက်ပြေးကြတာပေ့ါ။ တိုက်ပွဲဖြစ်ထားတာလည်း မရှိတော့ အခုလို ဗုံးလာကြဲလိမ့်မယ်လို့ တော့မထင်ဘူး။ လူထိခိုက်မှု မရှိတာပဲ တော်သေးတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ပြည်သူကို ရန်သူလို သဘောထားပြီး ရှမ်း-ကယားနယ်အစပ်နဲ့ ကယား (ကရင်နီ ) ပြည်နယ်တို့မှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိတဲ့ စစ်ဘေးရှောင်တွေနဲ့  ဒေသခံတွေ နေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီးနဲ့ပစ်ခတ်၊ လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက် လုပ်ဆောင်နေတာပါ။

ပြီးခဲ့တဲ့နှစ် ဇန်နဝါရီ  ၁၇ ရက်ကလည်း ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေး တိမ်းရှောင်နေသူတွေ ခိုလှုံနေတဲ့  ရီခီးဘူးစခန်းကို စစ်ကောင်စီက   တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေယာဉ်ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်ရှောင်ပြည်သူ ၃ ဦး ဗုံးစထိမှန်ပြီး သေဆုံးခဲ့ပါသေးတယ်။

ဖားဆောင်းဒေသမှာတော့  စစ်ကောင်စီတပ်ရဲ့ ၁၃၄ နဲ့ ၁၃၅ စခန်းကုန်း နှစ်ခုကို ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်က ဇွန် ၂၀ ရက် ညနေ ၃ နာရီဝန်းကျင်မှာ ဒရုန်းနဲ့ သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ရဲဘော်တယောက်က ပြောပါတယ်။

“မနေ့ညနေပိုင်းလောက်ကတော့ ဖားဆောင်းမြို့မှာ PDF က စစ်ကောင်စီစခန်းကို ဒရုန်းနဲ့ သွားပြီးတိုက်ခိုက်တာ ရှိပါတယ်။ စစ်ကောင်စီဘက်က ၃ ဦးသေတယ်။ ဒီမနက်ကစပြီးတော့ နှစ်ဖက်တိုက်ခိုက်မှုတွေ လုပ်နေပါတယ်။ စစ်ကောင်စီဘက်ကတော့ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေလည်း ရှိပါတယ်။”

မနေ့က ဒရုန်းနဲ့တိုက်ခိုက်ခံရတာကြောင့် ဒီနေ့ ဇွန် ၂၁ ရက်နေ့မှာ စစ်ကောင်စီတပ်ဘက်က ၁၃၄ နဲ့ ၁၃၅ စခန်းကုန်းကို အင်အားဖြည့်တင်းနေပြီး သံလွင်တံတားပေါ်မှာ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲ ဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် လေကြောင်းကနေ တိုက်ခိုက်ဖို့ ပြင်ဆင်မှုတွေကို မြင်တွေ့နေရပြီး ဖားဆောင်း ဘောလုံးကွင်းနားမှာ ရဟတ်ယာဥ်အတက်အဆင်း ပြုလုပ်နေတာတွေ ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013