DVB Logo
Home
မြန်မာသတင်း
မြန်မာကုန်သည်များ ဘင်္ဂလားဒေ့ရှ်သို့ ချင်းစိမ်းနှင့် တညင်းသီးသာ တင်ပို့နေရ
DVB
·
June 21, 2023
မြန်မာကုန်သည်များ ဘင်္ဂလားဒေ့ရှ်သို့ ချင်းစိမ်းနှင့် တညင်းသီးသာ တင်ပို့နေရ
Donate to DVB

ရခိုင်ပြည်နယ်၊ မောင်တော ကညင်ချောင်း စီးပွားရေးဇုန်မှ တဖက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ချင်းစိမ်းနဲ့ တညင်းသီးတွေပဲ တင်ပို့နေရတယ်လို့ ကုန်သည်တွေက ပြောပါတယ်။

မောင်တောနယ်စပ်မှာ ကုန်သွယ်နေတဲ့ မွတ်ဆလင် ကုန်သည်တဦးက “လက်ရှိမှာ အရင်က တင်ပို့နေတဲ့ကုန်တွေ တခုမှ တင်ပို့လို့မရတော့ဘူး။ လက်ရှိမှာတော့ ချင်းစိမ်းတမျိုးတည်း ပို့နေရတယ်။ နောက် တညင်းသီးပေါ့။ ဘင်္ဂလားဘက်က Bank draft ကျမလာရင် ဘာကုန်မှ တင်မရဘူး။ ကွမ်းသီးတွေက မောင်တောမှာ ပုံနေအောနေကြပြီ။ ဘင်္ဂလားအစိုးရက ဘယ်လိုတွေ လုပ်ဆောင်နေလဲ ကျနော်တို့မသိပါ” လို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ AB Bank နဲ့ Sonali Bank တွေမှာ အမေရိကန်ဒေါ်လာ နည်းပါးလာမှုကို အကြောင်းပြပြီး ၂၀၂၃ ခုနှစ်၊ ဧပြီ ၃ ရက်ကစပြီး အမေရိကန်ဒေါ်လာ Bank draft ပေးချေခြင်းလုပ်ငန်းတွေ ရပ်တန့်ထားခဲ့တာကြောင့် ဘင်္ဂလားအစိုးရ သတ်မှတ်ထားတဲ့ ကုန်စည်တွေသာ တင်ပို့နေကြရတာဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေး ပြုလုပ်နေတဲ့ ကုန်သည်တွေ အခက်တွေ့နေကြရတာပါ။

ဘင်္ဂလားဒေ့ရှ်နိုင်ငံက AB Bank နဲ့ Sonali Bank ဘဏ်က ဘင်္ဂလားအစိုးရခွင့်ပြုတဲ့ ချင်းစိမ်း နဲ့ တညင်းသီးကိုသာ Bank draft ထုတ်ပေးပြီး တခြားကုန်တွေကို လုံးဝ တင်သွင်းခွင့် မပြုတာကြောင့် မောင်တောမှာ တခြားကုန်စည်တွေ သောင်တင်နေကြတယ်လို့ ကုန်သည်တဦးက ဆိုပါတယ်။

“တညင်းသီးနဲ့ ချင်းစိမ်း နှစ်မျိုးသာ ဘင်္ဂလားဘက်ကို တင်ပို့နေရတာ။ နောက်ကုန်ပစ္စည်းတွေ ဘာမှ တင်သွင်းခွင့်မရကြဘူး။ တခုတော့ရှိတယ်၊ ကုရ်ဘမ် နွားသတ်ပွဲအတွက် ချင်းစိမ်းတွေသာ တင်သွင်းခွင့်ပြုထားတာလို့ ထင်တယ်။ နောက်ကုန်တွေ တင်သွင်းခွင့်မပြုလို့တော့ သိရတယ်။ စီးပွားရေးသမားတွေအချင်းချင်း ပြဿနာဖြစ်ကြတာလား၊ အစိုးရကပဲ ပိတ်တာလား မသိဘူး။ ကျနော်တို့က သိသလောက် ပြောတာပါ။”

မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ်သံရုံးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံခြားငွေ ပြတ်လပ်မှုဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာကြား နယ်စပ်ကုန်သွယ်မှုကို ဆိုးရွားစွာ နှောင့်နှေးစေကြောင်း ဖော်ပြထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာအကြား ကုန်သွယ်မှုမှာ ဝါး၊ ချင်း၊ မြေပဲ၊ ရေငန်ပုဇွန်၊ ငါး၊ စောင်၊ သကြားလုံး၊ ဇီးသီးယို၊ ဖိနပ်၊ အေးခဲအစားအစာများ၊ ဇီးသီးခြောက်၊ ကြက်သွန်ဖြူ၊ ဆန်၊ မတ်ပဲ၊ ဓာတုဗေဒပစ္စည်းများ၊ သားရေ၊ ဂုန်လျှော်ပစ္စည်းများ၊ ဆေးလိပ်၊ ပလတ်စတစ်၊ သစ်သား၊ ချည်ထည်နဲ့ အဖျော်ယမကာတွေ ပါဝင်ခဲပေမဲ့ လက်ရှိမှာ ချင်းစိမ်းနဲ့ တညင်းသီး နှစ်မျိုးသာ တင်ပို့နေကြရတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013