DVB Logo
Home
မြန်မာသတင်း
မယ်လ ဒုက္ခသည်စခန်းတွင် မီးလောင်မှုကြောင့် အိမ်ခြေ ၇  လုံး ဆုံးရှုံး 
DVB
·
March 30, 2026
Photo: AEC Asean News
Photo: AEC Asean News
Donate to DVB

ထိုင်း-မြန်မာနယ်စပ် တာ့ခ်ခရိုင်၊ ထာ့ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်းမှာ မီးလောင်မှု ဖြစ်ပွားပြီး အိမ်ခြေ ၇ လုံး ဆုံးရှုံးသွားတယ်လို့  AEC အာဆီယံ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

မတ် ၂၈ ရက် မနက်ပိုင်းက မယ်လအုပ်စု မယ်လကျေးရွာရှိ ဒုက္ခသည်စခန်း ဇုန် C1bb မှာ  မီးလောင်မှုဖြစ်ပွားတာကြောင့် စခန်းတာဝန်ရှိသူတွေ၊ ထာ့ဆောင်ယန်းအခြေစိုက် ထိုင်းစစ်တပ်၊ ကျေးရွာလုံခြုံရေးတပ်ဖွဲ့ဝင်နဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေ ပူးပေါင်းပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ခဲ့ပါတယ်။ 

အချိန် ၃ နာရီခန့်ကြာမှ မီးလုံးဝငြိမ်းသွားတယ်၊ ဒါပေမဲ့ ဇုန် C1bb  က အိမ်အမှတ် ၄၄၃၊ ၄၃၅၊ ၄၃၇၊ ၄၃၆၊ ၄၃၈၊ ၂၀၅၊ ၃၈၅  စတဲ့နေအိမ်တွေ အကုန်မီးထဲပါသွားတယ်။ အိမ်အမှတ် ၄၃၂ ကတော့ အနည်းငယ်သာ ပျက်စီးဆုံးရှုံးတယ်၊ လူထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ ဆိုပါတယ်။ 

မီးလောင်မှု စတင်ဖြစ်ပွားတဲ့နေအိမ်မှာ ဒေါ်အေမီဖော (၄၇ နှစ်) ရဲ့ အိမ်ဖြစ်ပြီး အဲဒီနေ့မနက်က မီးသွေးမီးဖိုနဲ့ ထမင်းဟင်းချက်တယ်၊ ချက်ပြုတ်ပြီးစီးတော့ မီးသွေးကို မီးငြိမ်းပြီး မီးညှပ်နဲ့ ဘူးထဲ ထည့်သိမ်းထားပါတယ်။ အဲဒီနောက် စခန်းက အမျိုးသမီးဂေဟာမှာ အလုပ်လုပ်ဖို့ အိမ်က ထွက်သွားပါတယ်။

ဒါပေမဲ့ ဘူးထဲထည့်ထားတဲ့ မီးသွေးမှာ လုံးဝမီးမသေဘဲ လောင်ကျွမ်းတယ်၊ ဘူးရဲ့အောက်မှာ ဗလာစာအုပ်အဟောင်း ခံထားတာ၊ အဲဒီဘေးမှာလည်း အဝတ်အထည်တွေရှိတာကြောင့် ပူပြင်းတဲ့ ရာသီဥတုအောက်မှာ လောင်စာကောင်းကောင်းနဲ့ မီးထတောက်ပြီး ဘေးအိမ်တွေပါ ကူးစက်လောင်ကျွမ်းကုန်တာလို့  စခန်းတာဝန်ရှိသူက သတင်းထောက်ကို ပြောပါတယ်။ 

ဒီကိစ္စနဲ့ ပတ်သက်ပြီး KIC သတင်းမှာလည်း မတ် ၂၈ ရက် မနက် ၁၀ နာရီမှာ မီးလောင်ခဲ့တယ်။ နေအိမ် ၅ လုံး လုံးဝပြာကျသွားပြီး ၂ လုံးက မီးဟပ်ခံရတယ်၊ မီးလောင်ဆုံးရှုံးသွားတဲ့ နေအိမ်ရဲ့ အချက်အလက်အသေးစိတ်ကို တာဝန်ရှိသူတွေ ကောက်ခံစစ်ဆေးနေတယ်လို့ ဖော်ပြထားပါတယ်။ 

အဆိုပါ မယ်လဒုက္ခသည်စခန်းမှာ ၂၀၂၅  ခု ဖေဖော်ဝါရီ ၁ ရက်နေ့ကလည်း အမှိုက်ပုံမှ မီးစွဲလောင်ပြီး နေအိမ် ၂ လုံး ပျက်စီးဆုံးရှုံးခဲ့သလို ဖေဖော်ဝါရီ ၁၄ ရက်မှာ နေအိမ် ၂ လုံး နောက်ထပ် မီးလောင်ခဲ့တယ်လို့  ဆိုပါတယ်။ 

မယ်လဒုက္ခသည်စခန်းမှာ လွန်ခဲ့တဲ့ ၁၉၈၄ ခုနှစ်ကတည်းက စတင်တည်ရှိခဲ့ပြီး လူဦးရေ ၅၀,၀၀၀ ခန့်နေထိုင်ကာ ထိုင်း-မြန်မာနယ်စပ်တလျှောက်ရှိ ဒုက္ခသည်စခန်းပေါင်း ၉ ခုအနက် အကြီးဆုံးစခန်းဖြစ်တယ် ၊ ၉၀ ရာခိုင်နှုန်းမှာ ကရင်တိုင်းရင်းသားတွေ နေထိုင်တယ်လို့  ဆိုပါတယ်။ 

Source: AEC Asean News / KIC News 

Support DVB
Live
DVB Donate၂၀၂၅ စစ်အာဏာရှင်ရွေးကောက်ပွဲ ရလဒ်များ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013