DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီး စစ်ရှောင်များ စားနပ်ရိက္ခာနှင့် အဝတ်အထည်လိုအပ်
DVB
·
June 21, 2023
ဆားလင်းကြီး စစ်ရှောင်များ စားနပ်ရိက္ခာနှင့် အဝတ်အထည်လိုအပ်
1 / 3
Donate to DVB

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်၊ ဆားလင်းကြီးမြို့နယ်က စစ်ဘေးရှောင်တွေ စားနပ်ရိက္ခာနဲ့ အဝတ်အထည်တွေ လိုအပ်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။

ဇွန်လအစောပိုင်းမှာ ဆားလင်းကြီးမြို့နယ်အတွင်းက ကျေးရွာ ၈ ရွာကို စစ်ကြောင်းထိုး ဝင်ရောက်တာကြောင့် ဒေသခံပြည်သူ ၁,၅၀၀ ကျော် ဘေးလွတ်ရာ တိမ်းရှောင်ခဲ့ရပါတယ်။

စစ်ရှောင်တွေဟာ နီးစပ်ရာ ကျေးရွာ၊ ဘုန်းကြီးကျောင်းတွေနဲ့ တောတွင်းနေရာတွေမှာ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေရဲ့ အကူအညီနဲ့ နေထိုင်နေကြရပြီး စစ်ရှောင်စခန်းနေရာ ၄ ခုမှာ လူဦးရေ ၁,၀၀၀ နီးပါး အခုအချိန်အထိ နေထိုင်နေရပါတယ်။

စစ်ရှောင်တဦးက “တိုက်ပွဲက ရုတ်တရက်ဖြစ်သွားတော့ စားစရာယူချိန်မရှိဘူး။ လေယာဉ်နဲ့တက်လာတော့ အသက်ကိုမီအောင် မနည်းပြေးရတယ်။ အဝတ်အစားတွေ ဘာမှမပါဘူး၊ ကလေးတွေဆို ကိုယ်တုံးလုံးနေရတယ်။ ဘုန်းကြီးသင်္ကန်းတွေတောင် တောင်းပြီးဝတ်ရတယ်” လို့ ပြောပါတယ်။

ညောင်ပင်ကြီး၊ ထန်းတောကြီး၊ ထန်းတောလေး၊ နှင်းတော၊ သိမ်းတော စတဲ့ကျေးရွာ ၅ ရွာကို ဇွန် ၉ ရက် ညနေကစပြီး စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

“မီးရှို့တဲ့အိမ်ဆို ရှို့တယ်၊ ရှို့လို့ မလောင်ရင် မိုင်းထည့်ပြီးခွဲပလိုက်တာ။ အိမ်ထဲရှိသမျှပစ္စည်းတွေကို ကားနဲ့အရင်သယ်တာ။ သူတို့အသုံးမဝင်တဲ့ဟာတွေကို ရွာလယ်မှာ ပုံပြီး မီးရှို့ထားတယ်။ ရွာပြန်ပြီး ပစ္စည်းပြန်ယူတဲ့သူတွေကို ဖမ်းဆီးသတ်ဖြတ်တာတွေ ရှိတယ်” လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီတပ်ရဲ့ စစ်ကြောင်းထိုး တိုက်ခိုက်မှုကြောင့် ဇွန် ၁၃ ရက်က စတင်ပြီး ဆာလင်းကြီးမြို့နယ် ညောင်ပင်ကြီး-ဖောင်းကားလမ်းဆုံ-ရွှေတောင်ဦးလမ်းပိုင်းကို ည ၈ နာရီမှ မနက် ၄ နာရီအထိ သွားလာခြင်းမပြုဖို့ ဆားလင်းကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013