DVB Logo
Home
မြန်မာသတင်း
ထိုင်းဘက်ကို တိမ်းရှောင်လာသည့် ကရင်နီစစ်ရှောင်ဦးရေ ၅,၀၀၀ ခန့်ရှိလာ
DVB
·
June 21, 2023
ထိုင်းဘက်ကို တိမ်းရှောင်လာသည့် ကရင်နီစစ်ရှောင်ဦးရေ ၅,၀၀၀ ခန့်ရှိလာ
1 / 4
Donate to DVB

ကရင်နီ(ကယား)ပြည်၊ မယ်စဲ့မြို့နယ်ထဲမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားတာကြောင့် ဒေသခံပြည်သူတွေ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေရပြီး နယ်စပ်မှာရှိတဲ့ စစ်ရှောင်ဦးရေဟာ စုစုပေါင်း ၅,၀၀၀ ခန့်ရှိလာပြီလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ထံက သိရပါတယ်။

အရင်က မယ်စဲ့မှာ စစ်ရှောင်ဦးရေ ၂,၀၀၀ ခန့်ရှိနှင့်နေပြီး လက်ရှိမှာတော့ တိုက်ပွဲကြောင့် ထိုင်းနယ်စပ်ကို ရောက်သွားတဲ့ စစ်ရှောင် ၃,၇၅၅ ဦးကျော် ရှိပါတဲ့အကြောင်းနဲ့  ဒီတရက်နှစ်ရက်အတွင်းမှာ ၄,၀၀၀ ကျော်သွားနိုင်တယ်လို့လည်း ကရင်နီ လူ့အခွင့်အရေးအဖွဲ့က ဆိုပါတယ်။

အထူးသဖြင့် ရာသီတုပ်ကွေး အန္တရာယ်တွေကြောင့် သက်ကြီးရွယ်အို၊ ကိုယ်ဝန်ဆောင် ကလေးမိခင်နဲ့ ကလေးငယ်တွေအတွက် ဆေးဝါးနဲ့ တကိုယ်ရေသန့်ရှင်းရေးပစ္စည်းတွေလည်း အထူးလိုအပ်နေပါတယ်။

ကရင်နီ လူ့အခွင့်အရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုဗညားခွန်းအောင်က “လက်ရှိမှာတော့ စစ်ရှောင်တွေက ပြန့်ကျဲနေပါတယ်။ မယ်စဲ့မြို့နယ်ထဲက တောထဲတောင်ထဲမှာ ဆက်ပြီးတော့ စစ်ရှောင်နေတဲ့သူတွေလည်း ထောင်ဂဏန်း ရှိပါသေးတယ်။ အားလုံးပေါင်းရင်တော့ လူဦးရေ ၅,၀၀၀ အောက်ပေါ့ မယ်စဲ့ကနေ ရှောင်တိမ်းနေရတယ်လို့ ပြောလို့ရတယ်” လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံဘက်ခြမ်း မယ့်စရင်းနဲ့ ခွန်ယွန်းစတဲ့ မယ်ဟောင်ဆောင်ခရိုင်ထဲကို ရောက်သွားတဲ့ စစ်ဘေးရှောင်တွေကတော့ ထိုင်းဒေသန္တရအစိုးရရဲ့ အစီအမံနဲ့ နေဖို့ထိုင်ဖို့ စီစဉ်ပေးတာတွေ ရှိပြီး စားသောက်ဖို့လည်း စီစဉ်ဆောင်ရွက်ပေးတာတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ရှောင်လူဦးရေ များတဲ့အတွက် တရက်မှာ ဆန်အိတ် ၃၀-၄၀ အထိ အသုံးပြုရတာကြောင့် အရေးပေါ်ဆန် စားနပ်ရိက္ခာ လိုအပ်ချက်တွေလည်း ရှိပါတယ်။ စစ်ရှောင်တချို့က တဲအိမ်တွေမိုးပြီး နေထိုင်နေရတယ်လို့ သိရပါတယ်။

မယ်စဲ့မြို့အနီး ဖားဆောင်းမြို့နယ် သံလွင်အရှေ့ဘက်ခြမ်းမှာလည်း အခုရက်ပိုင်းအတွင်း တိုက်ပွဲဖြစ်ပွားနေတဲ့အတွက် နယ်ခံလူထုတွေအနေနဲ့ သတိထားသွားလာကြဖို့ ဖားဆောင်း PDF က တိုက်တွန်းထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013