DVB Logo
Home
Lead Story
စိုက်ပျိုးရေးကဏ္ဍနဲ့ ကျား၊ ‌မ တန်းတူမညီမျှမှု 
DVB
·
June 21, 2023
စိုက်ပျိုးရေးကဏ္ဍနဲ့ ကျား၊ ‌မ တန်းတူမညီမျှမှု 
Donate to DVB

စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးကဏ္ဍမှာ ကျား၊ မ တန်းတူမညီမျှမှုက ကမ္ဘာကို ဒေါ်လာ ၁ ထရီလီယံ ကုန်ကျစေပါတယ်။

စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးကဏ္ဍတွေမှာ လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေအတွက် လက်တွေ့နယ်ပယ်ကို အဆင့်မြှင့်တင်ပေးတာဟာ ဖွံ့ဖြိုးတိုးတက်ဖို့နဲ့ သန်းပေါင်းများစွာကို ကျွေးမွေးဖို့အထောက်အကူဖြစ်စေနိုင်တယ်လို့ ကုလသမဂ္ဂ စားနပ်ရိက္ခာနဲ့ စိုက်ပျိုးရေးအဖွဲ့ (FAO) က ပြောကြားခဲ့ပါတယ်။

ကမ္ဘာပေါ်မှာ အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသမီးတွေရဲ့ သုံးပုံတစ်ပုံကျော်ဟာ အစားအစာနဲ့ အစားအစာမဟုတ်တဲ့စိုက်ပျိုးရေးထွက်ကုန်တွေကို ထုတ်လုပ်တာအပြင် အစားအစာသိုလှောင်ရေး၊ သယ်ယူပို့ဆောင်ရေးနဲ့ ဖြန့်ဖြူးရေးအထိ ဆက်စပ်လုပ်ငန်းတွေပါ၀င်တဲ့ စိုက်ပျိုးရေးစနစ်တွေမှာ အလုပ်လုပ်ကိုင်ကြပါတယ်။

FAO ရဲ့ အစီရင်ခံစာအသစ်မှာ ကျား၊ မ မညီမျှမှုကြောင့် အမျိုးသမီး‌တွေအတွက် အသိပညာနဲ့ အရင်းအမြစ်များရရှိမှု နည်းပါးတာ၊ အခကြေးငွေမယူဘဲ လုပ်ကိုင်ရတဲ့ စောင့်ရှောက်မှု ဝန်ထုပ်ဝန်ပိုးတွေဟာ အရွယ်အစား တူညီတဲ့လယ်မြေတွေမှာ အမျိုးသမီးတွေနဲ့ အမျိုးသား လယ်သမား‌တွေကြား ကုန်ထုတ်စွမ်းအား ၂၄ ရာခိုင်နှုန်း ကွာဟမှုရှိပြီး၊ စိုက်ပျိုးရေးကဏ္ဍက အမျိုးသမီးတွေရဲ့ လုပ်ခလစာဟာ အမျိုးသားတွေရဲ့ လုပ်ခလစာထက် ၂၀ ရာခိုင်နှုန်းနီးပါး နည်းပါးပါတယ်။

“စိုက်ပျိုးရေးစနစ်မှာ ဖြစ်ပွားနေတဲ့ ကျား၊ မ တန်းတူမညီမျှမှုတွေကို ကိုင်တွယ်ဖြေရှင်းပြီး အမျိုးသမီးတွေကို စွမ်းဆောင်ရည်မြှင့်တင်ပေးမယ်ဆိုရင် ဆင်းရဲမွဲတေမှု အဆုံးသတ်ရေးနဲ့ ငတ်မွတ်ခေါင်းပါးမှုကင်းတဲ့ ကမ္ဘာကြီးကို ဖန်တီးခြင်းရဲ့ ရည်မှန်းချက်ပန်းတိုင်တွေကို ဖြေရှင်းရာမှာ ကမ္ဘာကြီးဟာ ရှေ့ကို ခုန်တက်သွားလိမ့်မယ်"လို့ FAO ညွှန်ကြားရေးမှူးချုပ် ကူဒွန်ယု က ပြောပါတယ်။

FAO ရဲ့ အဆိုအရ လယ်ယာကုန်ထုတ်စွမ်းအားမှာ ကျားမ ကွာဟချက် နဲ့ စိုက်ပျိုးရေး အလုပ်အကိုင် ဆိုင်ရာ လုပ်ခ ကွာဟချက်ဟာ “ကမ္ဘာ့စုစုပေါင်း ပြည်တွင်း အသားတင် ထုတ်လုပ်မှု ဒေါ်လာ ၁ ထရီလီယံနီးပါး တိုးလာ‌စေပြီး အစားအစာ လိုအပ်တဲ့ လူဦးရေ ၄၅ သန်းရှိလာပြီး ကမ္ဘာကြီးမှာ ငတ်မွတ်မှုတွေ ဖြစ်စေတယ်လို့ဆိုပါတယ်။

ဖွဲ့စည်းပုံမညီမျှမှုများ

မြေယာ၊ ဝန်ဆောင်မှုများ၊ ခရက်ဒစ်စနစ်နဲ့ ဒစ်ဂျစ်တယ်နည်းပညာတွေရရှိဖို့ အမျိုးသမီးတွေရဲ့ လက်လှမ်းမီမှုဟာ အမျိုးသားတွေထက် နောက်ကျကျန်နေခဲ့ပြီး အခကြေးငွေမရတဲ့ စောင့်ရှောက်မှု‌ဝန်ထုပ်ဝန်ပိုးတွေ ပိုမိုများပြားလာတဲ့အတွက် သူတို့ရဲ့ ပညာရေး၊ လေ့ကျင့်ရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေကိုလည်း ကန့်သတ်ခံထားရပါတယ်။

ခွဲခြားဆက်ဆံတဲ့ လူမှုစံနှုန်းတွေဟာ အသိပညာ၊ အရင်းအမြစ်တွေနဲ့ လူမှုကွန်ရက်တွေမှာ ကျား၊ မ ရေးရာ အတားအဆီးတွေကို အားဖြည့်ပေးနေပြီး စိုက်ပျိုးရေးကဏ္ဍက အမျိုးသမီးတွေရဲ့ တန်းတူညီမျှမှုကို နောက်ပြန်ဆွဲထားတယ်လို့ FAO က ထောက်ပြထားပါတယ်။

“နိုင်ငံတော်တော်များများမှာ အမျိုးသမီးတွေဟာ အမျိုးသားတွေနဲ့ တန်းတူမြေယာပိုင်ဆိုင်ပြီး သူတို့ရဲ့အခွင့်အရေးတွေကို ဥပဒေဘောင်က ကာကွယ်စောင့်ရှောက်ဖို့ လုပ်စရာတွေ အများကြီး ရှိနေသေးတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အမျိုးသမီးလယ်သမား‌တွရဲ့ တိရစ္ဆာန်၊ ဆည်မြောင်းနဲ့ ဓာတ်မြေသြဇာလို မရှိမဖြစ် လိုအပ်တဲ့ ပိုင်ဆိုင်ခွင့်တွေအတွက် ပြောင်းလဲမှု အရှိန်အဟုန်ဟာ စိုးရိမ်စရာဖြစ်ကြောင်း သုတေသီတွေက ဖော်ပြထားပါတယ်။

ကြီးထွားမှုကို မြှင့်တင်ပေးပြီး ဆာလောင်မှုကို လျှော့ချပေးခြင်း

ကုလသမဂ္ဂ စားနပ်ရိက္ခာအေဂျင်စီက အမျိုးသမီး‌တွေဟာ လယ်ယာစားနပ်ရိက္ခာ အလုပ်အကိုင်တွေမှာ သူတို့ရဲ့ ထုတ်ကုန်စွမ်းအားနဲ့ လုပ်အားခ ကွာခြားချက်ကို ထိန်းထားနိုင်တဲ့ ပြည့်ဝပြီး တန်းတူညီမျှရှိတဲ့ စိန်ခေါ်မှုတစ်ခုရှိနေတယ်လို့ ဆိုထားပါတယ်။

အစီရင်ခံစာအရ လယ်ယာကုန်ထုတ်စွမ်းအားနဲ့ လယ်ယာလုပ်ခလစာတွေနဲ့ပတ်သက်ပြီး အဆင့်တစ်ခု ဖန်တီးခြင်းဟာ ကမ္ဘာ့ပြည်တွင်းအသားတင်ထုတ်ကုန်အတွက် တစ်ရာခိုင်နှုန်း ဒါမှမဟုတ် ဒေါ်လာ ၁ ထရီလီယံနီးပါး တိုးလာစေပြီး လူ ၄၅ သန်းအတွက် အစားအစာမလုံခြုံမှုကို ရာခိုင်နှုန်းနှစ်ချက်နဲ့လျှော့ချနိုင်မှာဖြစ်ပါတယ်။

ဒါဟာ ကမ္ဘာလုံးဆိုင်ရာ ငတ်မွတ်ခေါင်းပါးမှု မြင့်တက်လာချိန်မှာ ထင်ရှားတဲ့ ခန့်မှန်းချက်တစ်ခု ဖြစ်ပါတယ်။ ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP)ရဲ့ ခန့်မှန်းချက်အရ ကမ္ဘာတဝန်းက လူပေါင်း ၃၄၅ သန်းကျော်ဟာ ၂၀၂၃ ခုနှစ်မှာ စားနပ်ရိက္ခာ မလုံလောက်မှု အကျပ်အတည်းနဲ့ ရင်ဆိုင်နေကြရပြီး ၂၀၂၀ခုနှစ် အစောပိုင်းကစပြီး သန်း ၂၀၀ နီးပါး တိုးလာခဲ့ပါတယ်။ သူတို့ထဲက ၄၃ သန်းဟာ အငတ်ဘေးကနေ ခြေတစ်လှမ်းပဲ လိုပါတော့တယ်။

အစီရင်ခံစာရဲ့သုတေသီတွေက အထူးသဖြင့် အမျိုးသမီးတွေ စွမ်းဆောင်ပေးတဲ့ စိုက်ပျိုးရေး စီမံကိန်းတွေဟာ ကျယ်ပြန့်တဲ့ စီးပွားရေးနဲ့ လူမှုရေးဆိုင်ရာ အကျိုးကျေးဇူးတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

FAO ရဲ့ အဆိုအရ အသေးစား ထုတ်လုပ်သူတွေရဲ့ ထက်ဝက်ကသာ အမျိုးသမီးတွေ စွမ်းဆောင်နိုင်စေဖို့ အာရုံစိုက်တဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ချက်တွေကနေ အကျိုးအမြတ် ရရှိမယ်ဆိုရင် လူပေါင်း ၅၈ သန်းရဲ့ ဝင်ငွေကို သိသာထင်ရှားစွာ တိုးလာစေပြီး နောက်ထပ် ၂၃၅ သန်းရဲ့ အစားအစာ ခံနိုင်ရည်ရှိမှုလည်း တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။

အမျိုးသမီးတွေအတွက် လယ်ယာစားနပ်ရိက္ခာစနစ်တွေက အလုပ်ဖြစ်ပါစေ

မူဝါဒအဆင့်မှာ အစီရင်ခံစာရဲ့သုတေသီတွေက “ပိုင်ဆိုင်မှု၊ နည်းပညာနဲ့ အရင်းအမြစ်တွေကို ရယူသုံးစွဲခြင်းဆိုင်ရာ ကွာဟချက်မရှိစေဖို့” အရေးပေါ်လုပ်ဆောင်ချက်ကို အကြံပြုထားပါတယ်။ လယ်ယာစားနပ်ရိက္ခာကဏ္ဍက အမျိုးသမီးတွေရဲ့ ကုန်ထုတ်စွမ်းအားမြှင့်တင်ရေးမှာ စောင့်ရှောက်မှုနဲ့ အခကြေးငွေမရတဲ့ အိမ်အကူအလုပ် ဝန်ထုပ်ဝန်ပိုးတွေကို ကိုင်တွယ်ဖြေရှင်းဖို့၊ ပညာရေးနဲ့ လေ့ကျင့်ရေးတွေ ပံ့ပိုးပေးဖို့နဲ့ မြေယာလုပ်ကိုင်မှု လုံခြုံရေးကို အားကောင်း‌စေဖို့ ဝင်ရောက်စွက်ဖက်မှုတွေ လိုအပ်ပါတယ်။

FAO က အမျိုးသမီးတွေရဲ့ အလုပ်အကိုင်နဲ့ ခံနိုင်ရည်အား တိုးမြင့်လာစေတဲ့ လူမှုကာကွယ်စောင့်ရှောက်ရေး အစီအစဉ်တွေအတွက်လည်း ထောက်ခံအားပေးပါတယ်။ ကုလသမဂ္ဂအေဂျင်စီ၏ လေ့လာမှုအရ COVID-19 ကပ်ရောဂါကာလအတွင်းမှာ “စီးပွားရေး ကျုံ့သွားတဲ့အခါ အမျိုးသမီးတွေက အရင် အလုပ်လက်မဲ့ဖြစ်ခဲ့တာ"လို့ အလေးပေး ဖော်ပြထားပါတယ်။

“အမျိုးသမီးတွေက စိုက်ပျိုးရေး အစားအသောက်စနစ်တွေမှာ အမြဲအလုပ်လုပ်တယ်။ အခု အမျိုးသမီးတွေအတွက် စိုက်ပျိုးရေးစနစ်တွေ လုပ်ရမယ့်အချိန် ရောက်ပြီ” လို့ မစ္စတာ Qu က သူရဲ့ အစီရင်ခံစာမှာ ပြောကြားခဲ့ပါတယ်။

လီလီ

Gender inequalities in food and agriculture are costing world $1 trillion: FAO

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013