DVB Logo
Home
မြန်မာသတင်း
ပန်းပန်မှုဖြင့် အဖမ်းခံရသည့် ရွှေဆိုင်ဝန်ထမ်းနှင့် စျေးသည်အချို့ကို ခံဝန်ဖြင့်ပြန်လွှတ်
DVB
·
June 20, 2023
ပန်းပန်မှုဖြင့် အဖမ်းခံရသည့် ရွှေဆိုင်ဝန်ထမ်းနှင့် စျေးသည်အချို့ကို ခံဝန်ဖြင့်ပြန်လွှတ်
1 / 2
Donate to DVB

ရန်ကုန်မြို့၊ ပန်းဘဲတန်းက သမာဓိရွှေဆိုင်နှစ်ဆိုင်က ဝန်ထမ်း ၁၃ ယောက်နဲ့ ထောက်ကြန့်စျေးက စျေးသည်တချို့ကို စစ်ကောင်စီက ခံဝန်နဲ့ပြန်လွှတ်ပေးခဲ့တယ်လို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။

မနေ့က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ၇၈ နှစ်ပြည့်မွေးနေ့မှာ ပန်းပန်တာကြောင့် အဆိုပါ အမျိုးသမီး ၃၁ ယောက်ကို စစ်ကောင်စီက ဖမ်းဆီးခဲ့တာလို့ အုပ်ချုပ်ရေးနဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ရွှေဆိုင်က ကောင်မလေးတွေကို ပန်းဘဲတန်းမြို့နယ်စီမံအုပ်ချုပ်ရေးမှူးရုံးမှာ ခေါ်စစ်ပြီးတော့ နောက်နောင်မလုပ်ဖို့ ခံဝန်နဲ့ ပြန်လွှတ်တယ်။”

အလားတူ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်မြို့ ရတနာသီရိစျေးထဲက ပန်းပန်ထားလို့ ဖမ်းဆီးခံရသူ အမျိုးသမီးတချို့ကို စစ်ဆေးပြီး ပြန်လွှတ်ပေးလိုက်တယ်လို့ စျေးသည်တဦးက ဒီဗွီဘီကို ပြောပါတယ်။

“သူတို့ကို စည်ပင်ရုံးမှာ ခေါ်စစ်တာ၊ တချို့လည်း ပြန်လွတ်လာပြီ၊ တချို့လည်း မလွတ်သေးဘူး။”

မင်္ဂလာဒုံမြို့နယ် ပတ္တမြားစျေးအတွင်း ပန်းကြဲ ဆန္ဒပြခဲ့သူ အမျိုးသားတယောက်နဲ့ အမျိုးသမီးတယောက်ကို စစ်ကောင်စီတပ်က မင်္ဂလာဒုံမြို့မရဲစခန်းမှာ စစ်ဆေးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မနေ့က ရန်ကုန်တိုင်းအတွင်းရှိ လှိုင်သာယာ၊ ကမာရွတ်၊ တာမွေနဲ့ တွံတေးမြို့နယ်တို့မှာ ပန်းသပိတ်မှာ ပါဝင်တယ်ဆိုပြီး အမျိုးသား၊ အမျိုးသမီး အယောက် ၂၀ ကျော် ဖမ်းဆီးခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013