DVB Logo
Home
နိုင်ငံတကာ
ချင်းရိုင်းတွင် တရားမဝင်တရုတ်နိုင်ငံသား ၉ ဦး အဖမ်းခံရ 
DVB
·
March 22, 2024
ချင်းရိုင်းတွင် တရားမဝင်တရုတ်နိုင်ငံသား ၉ ဦး အဖမ်းခံရ 
Donate to DVB

ထိုင်းနိုင်ငံ၊ ချင်းရိုင်းခရိုင်၊ ကျိန်းဆဲန်မြို့နယ်မှာ  မတ် ၂၀ ရက်က တရားမဝင် ဝင်လာတဲ့ တရုတ်နိုင်ငံသား  ကိုးဦး ဖမ်းဆီးရမိတယ်လို့ မယ်ဆိုင်ဒေသတွင်းသတင်းမှာ ဖော်ပြပါတယ်။

အဲဒီနေ့ ည ၉ နာရီခွဲလောက်က ကျိန်းဆဲန်မြို့နယ် လဝကရဲတပ်ဖွဲ့ဝင်တွေဟာ မဲခေါင်မြစ် ကမ်းနားလမ်းတလျှောက်  တာဝန်ထမ်းဆောင်စဉ် ဝိန်းရပ်ကွက် ဘန့်ဟွေ့ကိန်ရွာအနီးမှာ မသင်္ကာဖွယ် လူငယ်လူရွယ်တစုကို စစ်ဆေးခဲ့တာမှာ တရုတ်နိုင်ငံသားတွေဖြစ်တယ်ဆိုတာ တွေ့ရပြီး  ထိုင်းနိုင်ငံထဲ တရားဝင် ဝင်လာတဲ့ အထောက်အထားမရှိတာကြောင့် ဖမ်းဆီးလိုက်တယ်လို့ ဆိုပါတယ်။

စကားပြန်ကနေ တဆင့် စစ်ဆေးရာမှာ ဖမ်းဆီးခံရသူတွေဟာ အသက် ၁၈ နှစ်မှ ၂၉ နှစ်ကြား လူရွယ် ၉ ဦးဖြစ်ပြီး  တရုတ်ပြည် Jiangxi ,  Jiangsu , Hunan , Guangxi Zhuang , Xinjiang Uyghur စတဲ့ပြည်နယ်တွေက လာသူတွေလို့ သိရပါတယ်။

ဖမ်းဆီးခံရသူ အားလုံးကို လဝက ဥပဒေနဲ့ အရေးယူဖို့ ကျိန်းဆဲန်မြို့နယ်ရဲစခန်းမှာ ထိန်းချုပ်ထားတယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013